26.6.13

ပြေးလမ်းချော်ခဲ့သည့် လေယာဉ်နှစ်စင်း၏ Black Box များ စစ်ဆေးရန် ခုံရုံးအဖွဲ့ တရုတ်နိုင်ငံသို့ သွားရောက်

ပြေးလမ်းချော်ခဲ့သည့် မြန်မာ့လေကြောင်းပိုင် MA 60 လေယာဉ်နှစ်စင်း၏ Black Box များအား စစ်ဆေးရန် စုံစမ်းစစ်ဆေး ရေးအဖွဲ့မှ တာဝန်ရှိသူများသည် ဇွန် ၂၃ ရက်က တရုတ်နိုင်ငံ ပီကင်းမြို့သို့ ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

၂၀၁၃ ခုနှစ် မေ ၁၆ ရက်နှင့် ဇွန် ၁၀ ရက်များကမိုင်းဆတ်မြို့နှင့် ကော့သောင်းမြို့များတွင် ပြေးလမ်းချော် မှု ဖြစ်ပွားခဲ့သည့် မြန်မာ့လေကြာင်းပိုင် MA 60 လေယာဉ်နှစ်စင်း၏ Black Box များအား တရုတ်နိုင်ငံ ပီကင်းမြို့ရှိ အစိုးရဌာနဖြစ်သည့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် သွားရောက်စစ်ဆေး သွားမည်ဖြစ်သည်။

ပီကင်းမြို့သို့ သွားရောက်မည့် စုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့တွင် ဥက္ကဋ္ဌဖြစ်သူ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်း ပါဝင်ကြောင်း သိရသည်။

"ပြန်လာရင် စစ်ဆေးတွေ့ရှိ ချက်တွေကို မီဒီယာကို ရှင်းလင်းပြောကြား သွားမှာပါ" ဟု စုံစမ်းစစ်ဆေးရေး အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းဆွေထွန်းက ပြောကြားသည်။

၂၀၁၃ ခုနှစ် မေ ၁၆ ရက်က မိုင်းဆတ်လေဆိပ်တွင် တရုတ်နိုင်ငံမှ ၀ယ်ယူသည့် မြန်မာ့လေကြောင်းပိုင် MA 60 လေယာဉ် ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့ပြီး ၂၀၁၃ ခုနှစ် ဇွန် ၁၀ ရက်ကလည်း MA 60 အမျိုးအစား လေယာဉ်တစ်စင်း ထပ်မံ၍ ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့သည်။

ထိုအချိန်မှစ၍ မြန်မာ့လေကြောင်းသည် ၎င်းတို့လေကြောင်းလိုင်းရှိ MA 60 လေယာဉ် သုံးစင်းစလုံး၏ ခရီးစဉ် ပြေးဆွဲမှုများကို ရပ်နားခဲ့သည်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က ဟဲဟိုးလေဆိပ်တွင် ဖြစ်ပွားခဲ့သည့် လေယာဉ်မတော်တဆမှုအား စုံစမ်းစစ်ဆေးရန် အဆိုပါ လေယာဉ်၏ Black Box အား သြစတြေးလျနိုင်ငံရှိ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် သွားရောက်စစ်ဆေးခဲ့သည်။

Ref: EMG

0 comments:

Post a Comment