26.6.13

စင်္ကာပူနိုင်ငံရှိ ရဲတပ်ဖွဲ့ရဲ့ခြောက်ယာက်မြောက် ပထမဆုံးသော အမျိုးသမီး ရဲအရာရှိကြီး


  သူမရဲ့နာမည်ကတော့ Mdm Zuraidah Abdullah ဖြစ်ပြီး သူမကတော့ စင်္ကာပူနိုင်ငံရှိ ရဲတပ်ဖွဲ့ရဲ့ခြောက်
ယောက်မြောက်မှာ ပထမဆုံးသော အမျိုးသမီး ရဲအရာရှိကြီးဖြစ်ပါတယ်။ သူမရဲ့အသက် ကတော့ ၅၁ နှစ် ရှိပြီး သူမရဲ့တာဝန်ထမ်းဆောင်ခဲ့တဲ့ လုပ်သက်တော့ နှစ်၂၀ ကျော်ပြီဖြစ်ပါတယ်။ အရင်သူဟာ The com -mander of the Police Training Command and Home Team Academy မှာ လက်ထောက် စိမံခန့်ခွဲရေး အကြီးအကဲအဖြစ်တာဝန်ထမ်းဆောင်ခဲ့ရာမှ ဇွန် ၁ ရက်နေ့တွင် သူမကို Senior Assistant Commissioner  အဖြစ် ရာထူးတိုးပေးခဲ့ပါတယ်။ သူမဟာ အနှစ်၂၀ကျော်အထိယောကျာ်းများနှင့် တန်းတူ ရင်ဘောင်တန်းကာ တာဝန်များကို ထမ်းဆောင်ခဲ့ပြီး အခက်ခဲများကိုလဲ ရင်ဆိုင်ခဲ့ရပါတယ်။ သင်တန်းတွေကိုလဲ ယောက်ျားများနဲ့အတူတက်ရောက်ခဲ့ရပြီး သူတို့နဲ့အတူ တန်းတူလေ့ကျင့်ခဲ့ပါတယ်။ယ ခုသူမမှာအရွယ်ရောက်ပြီးသား ကလေး ၃ ယောက်ရှိပေမဲ့ သူမရဲ့သား၊သမီးများ မဟုတ်ပါဘူး၊သူမရဲ့ယော ကျာ်းရဲ့ကလေးတွေဖြစ်ပါတယ်။ ဒါပေမဲ့ သူမဟာ အခမ်းနားတခုမှာ ပြောကြားခဲ့တာကတော့ " အခုဒီမှာရှိ တဲ့ မိန့်ခွန်းနာခံသူတွေအားလုံးဟာ သူမရဲ့ကလေးတွေပါ" ဟု ဆိုခဲ့ပါတယ်။

Source...tnp.sg

0 comments:

Post a Comment