26.6.13




   ကျောက်မျက်ရတနာတွေကို လက်ဝတ်ရတနာအနေနဲ့ ဆင်မြန်းခဲ့ကြပေမယ့် အခုချိန်မှာတော့ အဝတ်အ စားတွေပေါ်မှာ ဒီဇိုင်းလှလှလေးတွေပုံဖော်ပြီး ဝတ်ဆင်ကြတာဟာ ခေတ်စားလာခဲ့ပါပြီ။
ဘာကြောင့် ဝတ်ဆင်ကြတာလဲ
   နေ့ပွဲပဲဖြစ်စေ၊ ညပွဲပဲဖြစ်စေ ဝတ်ဆင်နိုင်ပြီး ဆန်းသစ်တဲ့အပြင်သစ်ကို ပေးစွမ်းနိုင်တာကြောင့် လူကြိုက်များလာတာပဲဖြစ်ပါတယ်။ ပိုးသား၊ ဖဲသားနဲ့ မှန်ဇာလိုအပါးသားတွေမှာ ကိုယ်ကြိုက်နှစ်သက်တဲ့ ပုံစံနဲ့ ဒီဇိုင်းကို စီးကွင့်တွေ၊ ဘော်ကြယ်တွေနဲ့ အလှဆင်နိုင်ပါတယ်။ ဖန်စီကျောက်လေးတွေကြောင့် အဝတ်အစားရဲ့ အရောင်ဟာ ပိုပြီးတောက်ပြောင်သွားပြီး အမြင်လည်းဆန်းသွားတာကြောင့် လူကြိုက်များ လာတာပါ။ ဖန်စီကျောက်လေးတွေနဲ့ အလှဆင်လိုက်တာကြောင့် ချုပ်ထားတဲ့ အဝတ်အစားရဲ့ ဒီဇိုင်းက လည်း ပိုမိုပေါ်လွင်လာပါတယ်။
တွဲဖက်ဝတ်ဆင်သင်သော ဖက်ရှင်
   ဖန်စီကျောက်တွေနဲ့ စီးကွင့်တွေကို ကော်ကပ်အမျိုးအစားလည်းရှိသလို ကိုယ်တိုင်စိတ်ကြိုက် ဒီဇိုင်းတွေကို ဒီဇိုင်နာဆီမှာ အပ်နှံလို့လည်း ရနိုင်ပါတယ်။ အင်္ကျီမှာ ထိုးထားတဲ့ အရောင်နဲ့တူညီတဲ့ ကျောက်ပန်းခက်လေးတွေကို ဆံထုံးမှာလည်း ပြန်ပြီး အလှဆင်ပေးနိုင်တာကြောင့် ပျိုမေတွေအနေနဲ့ ဝတ်စုံနဲ့ လိုက်ဖက်တဲ့ ပန်းကို သီးသန့်ရှာစရာမလိုတော့ဘဲ အရောင်တဖျပ်ဖျပ်နဲ့ လှနေမှာပါ။ အင်္ကျီအစိမ်းပေါ်မှာ ပိုမိုပေါ်လွင်စေဖို့ အဖြူရောင်ဖန်စီ စီးကွင့်လေးတွေနဲ့ အလှဆင်ထားပါတယ်။ အဝါရောင်မှာ ပိုမို ပေါ်လွင်နေစေဖို့ လိမ္မော်ရောင်နဲ့ ရွှေအိုရောင်လေးတွေနဲ့ အလှဆင်ထားကြတဲ့ အနုပညာရှင်တွေရဲ့ ဖက်ရှင် ဒီဇိုင်းလေးတွေကို လေ့လာကြည့်ပါ။

Ref: Good Health 

0 comments:

Post a Comment