26.6.13

အဲပုဂံပေါ် ဓားကိုင်တက်ရောက်ရန် ကြံစည်သူ တရုတ်နိုင်ငံသားခရီးသည် နှစ်ဦး ထိန်းသိမ်းခံရ

ညောင်ဦးမှ ရန်ကုန်သို့ထွက်ခွာမည့် အဲပုဂံaလယာဉ်ပျံပေါ်ကို လက်နက်ကိုင်ဆောင်ပြီး တက်ရောက်ရန် ကြံရွယ်သူ တရုတ်နိုင်ငံသားနှစ်ဦးအား လေကြောင်းရဲတပ်ဖွဲ့မှူးရုံးမှ အရေးပေါ်စစ်ဆေးဆောင်ရွက်မှု များ ပြုလုပ်ခဲ့ရကြောင်း လေ ကြောင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။ ဇွန် ၂၁ ရက် က ညောင်ဦး မှ ရန်ကုန်လေဆိပ်သို့ သွားမည့် တရုတ်နိုင်ငံသား နှစ်ဦးဖြစ်သည့် Mr Duan Jun နှင့် Mr. Zhang Yunqing တို့ နှစ်ဦးအနက် တစ် ဦးသည် ညောင်ဦးလေဆိပ်မှ ရန် ကုန်လေဆိပ်သို့ ထွက်ခွာမည့် အဲပုဂံ လေကြောင်းလိုင်း ATR 42 Forker လေယာဉ် ထွက်ခွာခါနီးအချိန်တွင် ညောင်ဦး လေဆိပ် ပန်းခြံ တွင် ဝှက်ထားသော အရိုးအသွား ရှစ်လက်မခန့်ရှိ မောင်းချဓားကို ယူဆောင်ကာ ဝှက်ပြီး လေယာဉ်ပေါ် သို့ ပြန်တက် မည်ပြု ချိန်တွင် လုံခြုံရေးတာဝန် ရှိသူများက ဖမ်းဆီးရမိခဲ့ပြီး ၄င်း တို့နှစ်ဦးကို လေကြောင်း ရဲတပ်ဖွဲ့မှူးရုံးက စစ်ဆေးကာ ရန်ကုန် သို့ ဂျေဂျေအဝေးပြေး မော်တော် ယာဉ်ဖြင့် ပြန်လည်ပို့ဆောင် ခဲ့ ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ တရုတ် နိုင်ငံသား နှစ်ဦးကို ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးက ဆက် လက်စောင့်ကြည့် ရန် ညွှန်ကြားထားကြောင်းသိရ သည်။ လေကြောင်း ရဲတပ်ဖွဲ့မှူး ရုံးမှတာဝန်ရှိသူက ''သူတို့ကိုစစ် ဆေးပြီးပြန်လွှတ်လိုက်တယ်။ စစ် ဆေးမှု အသေးစိတ်တော့ ပြောလို့ မရဘူး။ ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီးက လောလောဆယ်သူတို့ နှစ်ဦးကို ခြေရာခံစောင့် ကြည့်ဖို့ ညွှန်ကြားထားတယ်။ ဆက်လက် ဆောင်ရွက်မှုတွေလဲရှိပါတယ်။ ကျန်တာတွေကိုတော့ မှတ်ချက်ပြု ပြောလို့ မရသေးဘူး'' ဟု ပြောသည်။

ယင်းသတင်းအား အဲပုဂံ က မှန်ကန်ကြောင်း အတည်ပြု ပေး ခဲ့သည်။ အဲပုဂံဥက္ကဌ ဦးထူးသက် ထွေးက ''သတင်းက မှန်ပါတယ်။ အဲဒီနေ့က တာဝန်ရှိသူတွေက အဲဒီ ခရီးသည်နှစ်ဦးကိုထားခဲ့လိုက်ပါ ဆိုတဲ့ အတွက် သူတို့ကို ထားခဲ့ပါ တယ်။ ကျန်တာတွေကတော့ သက် ဆိုင်ရာ တာဝန်ရှိသူတွေ ဆက်လက် လုပ်ဆောင်မှာ ပါ''ဟု ပြော သည်။

လေယာဉ်လက်မှတ် ရောင်းချရေးဌာန မြန်မာ့လေကြောင်းမှတာဝန်ရှိသူတစ်ဦးက''လေယာဉ်လက် မှတ်ရောင်း ချတဲ့အခါ မြန်မာ နိုင်ငံသားပဲဖြစ်ဖြစ်၊ နိုင်ငံခြားသား ပဲဖြစ်ဖြစ် သေချာစစ်ဆေးပြီးမှ ရောင်းချပါ တယ်။ Blacklist မှာ ပါတဲ့ နိုင်ငံခြားသားတွေကိုတော့ လက်မှတ်မရောင်းဘူး။ အခုလက်ရှိ လေယာဉ်လက် မှတ်ရောင်းချတဲ့ နေရာမှာ လူတစ်ဦးချင်းစီရဲ့ သက် သေခံအထောက်အထားတွေကို သေချာ စစ်ပြီး ရောင်း ချပါတယ်''ဟု ပြောသည်။

လွန်ခဲ့သော သုံးလေး နှစ် ခန့် ကလည်း ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်ကို ဖောက်ခွဲရန် ကြံစည်ခဲ့သူ များအား သင်္ဃန်းကျွန်း ရဲစခန်းမှ ဖမ်းဆီးရမိခဲ့သေးကြောင်း သိရသည်။
Yangon Media Group

0 comments:

Post a Comment