26.6.13

မန်ချက်စတာမှာ ဈေးအကြီးဆုံးက ဘယ်သူ့အခန်းလဲ

 
ဒီအခန်းဟာမန်ချက်စတာမြို့၊ဘီသမ်တာဝါရဲ့၄၅လွှာမြောက်ဖြစ်ပြီးအခန်းပိုင်ရှင်ကတော့ဘောလုံးကစား ခြင်း ကအနားယူသွားတဲ့ ဖီးနဗီးလ်ဖြစ်ပါတယ်။ သူဟာ တစ်လပေါင် ၁၅၀၀၀နဲ့ ဒီအခန်းကို ငှားမယ်လို့ကြေညာ
ထားပြီး မန်ချက်စတာမြို့ရဲ့ဈေးအကြီးဆုံး အခန်းတစ်ခန်းဖြစ်နေပါတယ်။ ဒါပေမဲ့ တစ်မြို့လုံးကို စီးမိုးမြင်နိုင်သလို အခန်းတွင်းပြင်ဆင်မှုတွေကလည်း ဆန်းကြယ်လွန်းပြီး ၂၀၁၀ခုနှစ်က ပေါင် ၄ သန်းထိ တန်ကြေးရှိခဲ့ပါတယ်။

အိပ်ခန်းလေးခန်းပါသလို လသာဆောင် မျက်နှာကြတ် မီးဆိုင်းတွေကလည်း ၄၅လွှာ အခန်းနဲ့ လိုက်ဖက်ညီထွေဖြစ်နေပါတယ်။ စတုရန်းပေ ၅၀၀၀ကျယ်ဝန်းတဲ့ ဒီအခန်းဟာ ထုံးကျောက် အခင်း၊ စိတ်ကြည်နူးစရာ အလင်းရောင်တို့ကြောင့်အေးအေးဆေးဆေးအနားယူချင်သူတွေအတွက်သင့်တော်သလို ကျန်းမာရေးလေ့ကျင့်ခန်း၊ ရေနွေးငွေ့ခန်းတွေ ပါဝင်ပြီး လောလောဆယ်တန်ကြေး ပေါင် ၃.၇၅သန်း ရှိနေပါတယ်။ 
 
Ref:Yoyarlay

0 comments:

Post a Comment