ရုရှားနိုင်ငံ သမ္မတ Vladimir Putin (Credit: Reuters)
အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအေဂျင်စီ အမူထမ်းဟောင်း Edward
Snowden ဟာ မော်စကို မြို့ လေယာဉ်ကွင်းရှိ Transit လေယာဉ်ပြောင်းဖို့
တထောက်နားတဲ့နေရာမှာ ရှိနေတုန်းပဲလို့ ရုရှားနိုင်ငံ သမ္မတ က အတည်ပြု
ပြောဆိုလိုက်ပါတယ်။
Edward Snowden အနေနဲ့ ရုရှားနိုင်ငံကနေ ထွက်ခွာလိုရင် လွှတ်လပ်စွာ
ထွက်ခွာခွင့်ရှိပြီး ရုရှားနိုင်ငံ ကနေ အမြန်ဆုံး
ထွက်ခွာသင့်တယ်လို့လည်း ရုရှားသမ္မတက ပြောလိုက်ပါတယ်။ Edward
Snowden ရုရှားနိုင်ငံမှာ ခေတ္တရှိနေတာဟာ ရုရှားနဲ့ အမေရိကန်နိုင်ငံရဲ့
ဆက်ဆံရေးကို မထိခိုက်လောက်ဘူး လို့ မျော်လင့်ကြောင်းလည်း
ရုရှားနိုင်ငံသမ္မတ Vladimir Putin က ပြောလိုက်ပါတယ်။ အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီး
ဂျွန်ကယ်ရီကတော့ ရုရှားနိုင်ငံအနေနဲ့ Edward Snowden ကို
အမေရိကန် လက်ထဲ လွဲအပ်ပေးသင့်တယ်လို့ တောင်းဆိုလိုက်ပါတယ်။
ရုရှားအစိုးရကတော့
Edward Snowden ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ဝင်ရောက်ပတ်သက်မှု
မလုပ် လိုကြောင်း၊ Snowden နဲ့ ရုရှားကြားမှာလည်း ဘာမှဆက်စပ်မှု
မရှိသလို၊ အမေရိကန်နိုင်ငံရဲ့ တရားရေး ဆိုင်ရာတွေမှာလည်း မပတ်သက်လို
ဘူးလို့ ရုရှားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။ Edward
Snowden က ဒီကခရီးစဉ်ကို သူကိုယ်တိုင်ရွေးချယ်ပြီး ရုရှားမှာ
ရောက်နေတယ်ဆိုတာကို ရုရှားအစိုးရက မီဒီယာက တဆင့်သာ သိရတဲ့အကြောင်း၊
သူ့အနေနဲ့ ရုရှားနိုင်ငံ နယ်နမိတ်ကျော်လွန်တာမဟုတ် ပဲ
နိုင်ငံတကာနဲ့ဆိုင်တဲ့ လေယာဉ်ကွင်းက Transit လေယာဉ်ပြောင်းတဲ့
နေရာမှာသာ ရှိနေတာ လို့ ပြောပါတယ်။
ဒီလိုအခြေအနေမှာ ရုရှားက
Edward Snowden ကို ကာကွယ်မှုပေးတယ်လို့ အမေရိကန်နိုင်ငံက စွပ်စွဲတာဟာ
အခြေအမြစ်မရှိဘူးလို့လည်း ပြောလိုက်ပါတယ်။ Edward Snowden ဟာ
ရုရှားနိုင်ငံ မတိုင်ခင် ဟောင်ကောင်မှာ ရှိနေခဲ့ပြီး
ဟောင်ကောင်အာဏာပိုင်တွေဟာလည်း Snowden ကို ကူညီပေးခဲ့တယ်ဆိုတဲ့
အမေရိကန်ရဲ့ စွပ်စွဲမှုကို ခံနေရပါတယ်။ အမေရိကန်နိုင်ငံ
အမျိုးသားလုံခြုံရေးအေ ဂျင်စီက စက်မှုပိုင်းဆိုင်ရာ ဝန်ထမ်းဟောင်း Edward
Snowden ဟာ အမေရိကန်အစိုးရရဲ့ လျို့ဝှက် ချက်တွေကို
ဖော်ကောင်လုပ်တဲ့အတွက် အမေရိကန် အစိုးရက ရာဇာဝတ်သားအဖြစ် အသည်းအသန်
လိုလားနေတာဖြစ်ပါတယ်။ Edward Snoden က ရုရှားနိုင်ငံကနေတဆင့်
ကျူးဘားနိုင်ငံကို သွားပြီး အီကွေဒေါနဲ့ အိုင်စလန်နိုင်ငံလို
နိုင်ငံမျိုးမှာ ခိုလှုံခွင့်တောင်းနိုင်တယ်လို့
သတင်းတွေထွက်ပေါ်နေပါတယ်။
0 comments:
Post a Comment