26.6.13

စက်ာပူစစ်သားတစ်ဦး (၁၄)နှစ်သမီးအားကိုယ်ဝန်ရစေခဲ့လို့ ထောင်ကျခဲ့ပြီး နောက်ထပ် ထိုမိန်းကလေးအား ကိုယ်ဝန်ရှိအောင်ထပ်မံကျူးလွန်



   စင်္ကာပူနိုင်ငံတွင် အချိန်ပြည့်စစ်မှုထမ်းတာဝန် ထမ်းဆောင်နေသော ကာကွယ်ရေးဝန်ထမ်းဖြစ်တဲ့ စစ်သားတစ်ဦးဟာ (၁၄)နှစ်သမီးကို ကိုယ်ဝန်ရစေတဲ့အတွက် ငွေဒဏ်တပ်ခံခဲ့ရတာကို ငွေဒဏ်မပေးနိုင်ခဲ့လို့ ထောင်ဒဏ်အဖြစ် ရက်သတ္တပတ်(၄)ပတ်ကြာ ထောင်ကျခဲ့တာပါ။ ထောင်မှထွက်လာပြီးနောက် ၎င်းဖြင့် ကိုယ်ဝန်ရခဲ့သော မိန်းကလေး (ယခု၁၆နှစ်အရွယ်)အား ထပ်မံ၍ ကိုယ်ဝန်ရစေတဲ့အတွက် ၎င်းအား ထောင်ဒဏ်လေးလအဖြစ် တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။ လွန်ခဲ့တဲ့ သူအသက်(၁၉)နှစ်လောက်က ၎င်း၏ချစ်သူ အသက်(၁၄)နှစ်အရွယ် မိန်းကလေးနှင့် တွေ့ပြီးချစ်ကြိုက် ကျူးလွန်မိရာမှ မိန်း ကလေးအား ကိုယ်ဝန်ရစေခဲ့ကာ ထိုပြစ်မှုအတွက် တရားရုံးက ၎င်းအား ငွေဒဏ် စင်္ကာပူဒေါ်လာ (၄၀၀၀) ပေးဆောင်ရန် ဆုံးဖြတ်ခဲ့ပေမယ့် ငွေဒဏ်မပေးနိုင်တဲ့အတွက် ထောင်ဒဏ်ရက်သတ္တပတ်(၄)ပတ်အား ပြစ် ဒဏ်ကျခံခဲ့တာပါ။
   ထောင်ကထွက်လာပြီးနောက် ယခု အသက်(၁၆)နှစ်ရှိပြီဖြစ်သော ယင်းမိန်းကလေးနှင့်ပင် နောက်တဖန် ကျူးလွန်ပြီး ကိုယ်ဝန်ရစေခဲ့တဲ့အတွက် ထောင်ဒဏ်လေးလထပ်မံ၍ ကျခံစေရန် တရားရုံးတော်ကဆုံးဖြတ်
ခဲ့တာပါ။ မိန်းကလေးဘက်က မိဘများက မိန်းကလေးနှင့် သူမ၏ကိုယ်ဝန်ကို ကြည့်ရှု စောင့်ရှောက်ပေးခဲ့  တဲ့အတွက် ၎င်းနှင့် ကျူးလွန်ခဲ့တဲ့ အသက်(၁၆)နှစ်အရွယ် မိန်းကလေးဟာ ဒုတိယသားယောက်ျားလေး ရ ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

Ref..burmesehearts 

0 comments:

Post a Comment