26.6.13

ဇွန်လအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာအသင်း အဆင့်သုံးဆင့်တက်ရောက်နိုင်ခဲ့

  
 
 ဇွန်လအတွက် ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာအသင်းသည် အဆင့်သုံးဆင့်တက်နိုင်ခဲ့ပြီး အဆင့် ၁၅၅ နေရာတွင်ရပ်တည်နိုင်ခဲ့ကြောင်းသိရသည်။ မြန်မာအသင်းသည်ပုံမှန်အားဖြင့် ရမှတ်တိုးတက် နိုင်ခဲ့ခြင်းမရှိသော်လည်း မြန်မာအသင်း၏အပေါ်မှ အသင်းများအဆင့်ကျသွားသောကြောင့် ယခုကဲ့သို့အ ဆင့် ခုန်တက်နိုင်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် မေလတစ်လအတွင်း မြန်မာအသင်း ကစားခဲ့သည့် ပွဲများကို စု စည်းသုံးသပ်ကာ ရမှတ်တွက်ချက်ခဲ့ခြင်းဖြစ်ရာ မြန်မာအသင်းသည် မေလအတွင်း၌ ပွဲတစ်ပွဲမှကို မကစားခဲ့ ရသောကြောင့် အမှတ်တိုးတက်နိုင်မှု မရှိခဲ့ခြင်းဖြစ်သည်။ သို့သော် မြန်မာအသင်း၏ အထက်၌ ရှိသောမော် လ်တာ၊လက်ချင်စတိန်းနှင့်လီဆိုသိုအသင်းများသည် ရမှတ်လျော့ကျသွားသဖြင့် ကမ္ဘာ့အဆင့်ကျဆင်းသွား ခဲ့သောကြောင့် မြန်မာအသင်း အဆင့်တက်နိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော်မြန်မာအသင်းသည် ယခုလ အတွင်း ကစားခဲ့သည့်စင်္ကာပူနှင့် ခြေစမ်းပွဲတွင်ရှုံးနိမ့်ထားခဲ့ဖြစ်သောကြောင့် လာမည့်ဇူလိုင်လ အဆင့် သတ်မှတ်ချက်တွင် အဆိုပါအရှုံးရလဒ်ကို ထည့်သွင်းတွက်ချက်ခံရမည်ဖြစ်သည်။ လက်တလောတွင်မြန် မာအသင်းသည် အာဆီယံဒေသအတွင်း၌ ဗိယမ်နမ်၊ ထိုင်းနှင့် ဖိ လစ်ပိုင်တို့၏နောက် စတုတ္တနေရာတွင် ရပ်တည်နေသည်။

Source..myanmar post

0 comments:

Post a Comment