26.6.13

အသက်ရှည်ဆေးများများ မှီဝဲဖို့

 သူကျတော့ 
   စိတ်ရောဂါကု ဆရာဝန်ဂျင်မီ ရဲ့ ဆေးခန်းကို အမျိုးသမီး တစ်ယောက် သူ့ခင်ပွန်းသည်ရဲ့ အခြေအနေကို လာတိုင်ပင်ပါတယ်။ "ကျွန်မ ယောက်ျားအတွက် ကုသဖို့နည်းလမ်းရှိပါ့မလား ဆရာရယ်။ ရူးများရူးသွားပြီ လားမသိဘူး။ သူ့ကိုယ်သူ ရေခဲသေတ္တာလို့ ထင်နေတယ်ဆရာရဲ့"လို့ပြောပါတယ်။ ဒါနဲ့ဂျင်မီက"ဒီလောက် လည်းစိတ်မပူပါနဲ့ဗျာ။ ခုချိန်ကလူတွေမှာ စိတ်ဖိစီးမှုတွေများတော့ ဒီလိုပဲဖြစ်တတ်ပါတယ်"လို့ဆိုတော့ အမျိုးသမီးက စိတ်သက်သာပုံမရဘဲ ဒီလိုထပ်ဆိုပါတယ်။ "ဆရာသူ့ကိုနားမလည်ပါဘူး။ သူကပါးစပ်ကြီးဟ ပြီး အိပ်တော့ သူ့ထဲကရေခဲသေတ္တာမီးကလင်းနေတာ ကျွန်မ ဘယ်အိပ်ပျော်ပါ့မလဲ.." :)

ပန်းပေးပြီကွာ

   တိုနီက အပျော်စီးသင်္ဘောတစ်စင်းပေါ်က မျက်လှည့်ဆရာပါ။ သင်္ဘောပေါ်လာတဲ့ ဧည့်သည်တွေကတစ် ခါနဲ့တစ်ခါ မတူတာမို့ ပြကွက်တူတွေကိုပဲ သူကပြောပါတယ်။ ခက်တာက အဲဒီသင်္ဘောပေါ်က ကြက်တူရွေး တစ်ကောင်က တိုနီမျက်လှည့်ပြပြီ ဆိုရင်အရင်ကြိုပြီး ပြောပါတယ်။ ပွဲပျက်အောင်လုပ်တာကို တိုနီက စိတ် ဆိုးပေမယ့် ဘာမှတော့ မလုပ်ရဲပါဘူး။ သူကသင်္ဘောမာလိန်မှူးရဲ့ ကြက်တူရွေးကိုး။ တစ်နေ့ မုန်တိုင်းမိပြီး သင်္ဘောက စုံးစုံးမြုပ်သွားပါတယ်။ တိုနီနဲ့ ကြက်တူရွေးကတော့ ပျဉ်ပြားတစ်ချပ်ပေါ်မှာကျန်ခဲ့ပေမယ့် အ ချင်းချင်း ကြည့်မရလို့စကား မပြောကြပါဘူး။ တစ်ပတ်လောက်ကြာတဲ့အခါမှာ တိုနီကိုကြက်တူရွေးပြော လာတာက "ငါအရှုံးပေးပြီကွာ။ ဒီတစ်ခါ မင်းနိုင်ပြီ။ ကဲပြော ...သင်္ဘောဘယ်မှာလဲ" :)

မုတ်ဆိတ်
   နစ်ကီနဲ့ တိတ်တိတ်ပုန်း ကြိုက်နေတဲ့ ကောင်မလေးက "ရှင့်ရဲ့ မုတ်ဆိတ်ကြီးကို ရိတ်ပစ်လိုက်စမ်းပါ။ ရှင့်ရဲ့မျက်နှာချောချောကို ကြည့်စမ်းချင်လို့"လို့ အတင်းဆိုတော့....." "မဖြစ်ဘူး ကလေးရေ. ကိုယ့်မိန်းမက ဒီမုတ်ဆိတ်ကို အရမ်းသဘောကျတာ.. သူသိရင်သတ်မှာ"လို့ ပြောပေမယ့် အတင်း ပူဆာတာကြောင့် ရိတ် ပစ်လိုက်ပါတယ်။ မိန်းမမြင်မှာစိုးတာနဲ့ နစ်ကီလည်း အိမ်ကိုသန်းခေါင်ကျော်မှပြန်ပြီး အိပ်ရာထဲဝင်ချိန်မှာ သူ့မိန်းမတစ်ရေးနိုးလာပြီး ပျာပျာသလဲနဲ့ဆိုတာက "ကြည့်စမ်း.. မိုက်ကယ်။ ရှင်ဒီမှာ ရှိမနေသင့်ဘူးနော်။ ကျွန်မယောက်ျား မကြာခင်ပြန်လာတော့မယ် ..." တဲ့။ :)




0 comments:

Post a Comment