5.3.14

တတိယအကြိမ် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးပြီးနောက် သဘောတူညီချက်သုံးခုလက်မှတ်ရေးထိုးနိုင်ခဲ့


5-3-2014

တတိယအကြိမ် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးတွင် သဘောတူညီချက်သုံးခုကို ယနေ့ တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ယနေ့သတင်းစာရှင်းလင်းပွဲ တွင်ပြောကြားသည်။


''ဘင်းမ်စတက် အမြဲတမ်း အတွင်းရေးမှူးချုပ်ရုံးကို ဘင်္ဂလား ဒေရှ့်နိုင်ငံ ဒါကာမြို့တွင် တည် ထောင်နိုင်ရေးအတွက် နားလည်မှု စာချွန်လွှာ၊ ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံများ၏ ယဉ်ကျေးမှုလုပ်ငန်း ကော်မရှင်နှင့် ယဉ်ကျေးမှုလုပ်ငန်း များလေ့လာရေးဌာနကို ဘူတန် နိုင်ငံ သင်ဘူးမြို့တွင် တည်ထောင် ရေးအတွက် နားလည်မှုစာချွန်လွှာ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၏ မိုးလေဝသနှင့်ရာသီဥတုဗဟိုဌာနကို အိန္ဒိယနိုင်ငံ နွိုင်အိဒါမြို့တွင် တည် ထောင်နိုင်ရေးအတွက် နားလည်မှု စာချွန်လွှာတို့ဖြစ်ပါတယ်'' ဟု သမ္မတကြီးကဆိုသည်။

ဘင်းမ်းစတက် အဖွဲ့အစည်း တွင် အာဆီယံအဖွဲ့ကြီးကဲ့သို့ အတွင်းရေးမှူးချုပ် ယခင်ကမရှိဘဲ အဖွဲ့ဝင်နိုင်ငံများအကြား ဆောင်ရွက်
ရေးမှာအကန့်အသတ်ရှိကြောင်း၊ ယခုအတွင်းရေးမှူးချုပ်ရုံး စတင် ထူထောင်နိုင်ပြီဖြစ်သည့်အတွက် လုပ်ငန်းဆောင်ရွက်မှုများ ပိုမို မြန်ဆန်လာနိုင်ကြောင်းသိရသည်။

''အတွင်းရေးမှူးချုပ်ရုံးဟာ ညွှန်ကြားရေးမှူးသုံးဦးနဲ့ အခြား အဆင့်ဝန်ထမ်းကိုးဦးတို့ဖြင့် စတင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်''ဟု သမ္မတဦးသိန်းစိန်ကပြောသည်။

အတွင်းရေးမှူးချုပ်ရုံးကို ယခု နှစ် မေ ၁ ရက်တွင် စတင် အသက်ဝင်လည်ပတ်နိုင်ရန် ရည် ရွယ်ထားပြီး ရန်ပုံငွေများထည့်ဝင် သွားဖို့လည်း ဆွေးနွေးမှုများပြုလုပ် ခဲ့ကြပြီး မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံများအားလုံးက အတွင်း ရေးမှူးချုပ် ကုန်ကျစရိတ်များ အတွက် အချိုးကျထည့်ဝင်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။
''အမြဲတမ်းအတွင်းရေးမှူး ချုပ်ရုံးကို ဦးဆောင်နိုင်ဖို့ ဘင်းမ် စတက်အဖွဲ့ရဲ့ ပထမဆုံးအတွင်း ရေးမှူးချုပ်အဖြစ် သီရိလင်္ကာ နိုင်ငံမှ မစ္စတာစုမစ် နကန်ဒါလ အား ခန့်အပ်နိုင်ခဲ့ခြင်းကို အတည် ပြုနိုင်ခဲ့ပါတယ်''ဟု သမ္မတက ပြောကြားသည်။

ထို့ပြင် အစည်းအဝေး၏ အရေးကြီးဆုံး ရလဒ်ဖြစ်သည့်
ကြေညာချက်ကိုလည်း ထုတ်ပြန် နိုင်ခဲ့ကြောင်း သိရသည်။
''ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှု၊ နည်းပညာစွမ်းအင်၊ သယ် ယူပို့ဆောင်ရေးနှင့် ဆက်သွယ် ရေး၊ ခရီးသွားလုပ်ငန်း၊ ငါး လုပ်ငန်း၊ စိုက်ပျိုးရေး၊ ယဉ် ကျေးမှုဆိုင်ရာပူးပေါင်းဆောင် ရွက်မှု၊ ပတ်ဝန်းကျင်နှင့် ဘေး အန္တရာယ် စီမံခန့်ခွဲမှု၊ ပြည်သူ့ ကျန်းမာရေး၊ ပြည်သူအချင်း ချင်းဆက်သွယ်မှု၊ ဆင်းရဲမှု လျှော့ချရေး၊ အကြမ်းဖက်မှု နှင့် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေး၊ ရာသီဥတု ပြောင်းလဲမှု စတဲ့ ပူးပေါင်း ဆောင်ရွက်မှု ဦးစားပေးကဏ္ဍ ကြီး(၁၄)ရပ်မှာ ပူးပေါင်းဆောင် ရွက်မှုတိုးမြှင့်သွားကြရန် နိုင်ငံ
ရေးဆန္ဒရှိကြောင်း ဘင်းမ် စတက်နိုင်ငံအကြီးအကဲနှင့် အစိုးရအဖွဲ့အကြီးအကဲများက ထုတ်ဖော်ပြသနိုင်ခြင်းဖြစ်ပါ တယ်''ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဆိုသည်။

The Union Daily

0 comments:

Post a Comment