5.3.14

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ရှိ ပြင်ပဆေးခန်းအများစု ကွဲပြားသော ကုထုံးနှင့် တီဘီရောဂါ ကုသနေကြ


ရှမ်းပြည်နယ် မြောက်ပိုင်း ဝေးလံ ခေါင်ဖျားပြီး သွားလာရခက် ခဲသော လောက်ကိုင်မြို့နယ်အတွင်းရှိ ပြင်ပ ဆေးကုခန်းအများစုသည် အမျိုးသား တီဘီရောဂါတိုက်ဖျက်ရေးမှ ချမှတ်ပေး ထားသည့် လမ်းညွှန် ချက်နှင့် ကွဲပြား သော ကုထုံးများဖြင့် တီဘီလူနာကုသ ခြင်းများ ရှိနေကြောင်း သိရသည်။


၎င်းပြင်ပဆေးခန်းများ၌ အသုံးပြု နေသော တီဘီဆေးဝါးများ သည်လည်း တရုတ်နိုင်ငံမှ တင်သွင်းသည့် ဆေးဝါး အလွတ် များဖြစ်ကြောင်း၊ ၄င်းသုတေသန ကို ကျန်းမာရေးဦးစီးဌာနနှင့် ဆေးသုတေ သနဦးစီးဌာနတို့က ယင်းဒေသရှိ ပြင်ပ ဆေးခန်းပေါင်း ၃၇ ခန်းနှင့် အစိုးရကျန်း မာရေးဝန်ထမ်း ၁၄ ဦးတို့အားတွေ့ဆုံ၍ ၂ဝ၁၃ ခုနှစ်အတွင်း က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

သုတေသနအရ ပြင်ပဆေးကု ခန်းမှ ကျန်းမာရေးဝန်ဆောင်မှု ပေးနေ သူများသည် ဓာတ်ခွဲပညာ၊ သူနာပြုသင် တန်း(သို့မဟုတ်) ကျန်းမာရေး ပညာရပ် ဆိုင်ရာပညာရပ်များကို ၃ နှစ်မှ ၇ နှစ် အထိ လေ့လာခဲ့သူများဖြစ်ပြီး ၄င်းတို့ အနက် ၆၇ ဒသမ ၆ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံမှ ပညာသင်ကြားမှု ခံယူခဲ့ သော တရုတ်လူမျိုးများ ဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းဆေးခန်းများသည် တီဘီ ရောဂါအဖြစ် ရောဂါလက္ခဏာများနှင့် ရင်ဘတ်ဓာတ်မှန်တွေ့ရှိချက်တို့ အပေါ် တွင် မူတည်သတ်မှတ်ကြပြီး လူနာများ အား ပြန်လည်ခေါ်ယူဆန်းစစ်မှုမှာလူနာ များ၏ရောဂါ အခြေအနေနှင့် ငွေကြေး တတ်နိုင်မှု အပေါ်တွင်မူတည်ကြောင်း သိရသည်။

''တီဘီကုတဲ့နေရာမှာ DOTS ကို သုံးရမယ်။ သတ်မှတ်ထားတဲ့ Guide Line ကဆေးတွေပဲ သုံးရမယ်။ ပြီး တော့သလိပ်က မဖြစ်မနေ စစ်ရတယ်။ ဒါတွေနဲ့လွဲနေရင်တော့ ဆေးယဉ်ပါး တီဘီအတွက်ရော ရောဂါအမည်မှား တပ်တာအတွက်ရော အန္တရာယ်တော် တော်ကြီးတယ်''ဟု မြောက်ဥက္ကလာပ မြို့နယ်မှ တီဘီရောဂါ ဆေးပေးနေသူ အထွေထွေရောဂါကုဆရာဝန် တစ်ဦးက ဆိုသည်။ လောက်ကိုင်မြို့နယ်အတွင်းမှ ပြင်ပဆေးခန်းများရှိ လူနာအများဆုံး ကုသမှုခံယူနေသည့် ဆေးခန်း ၄ ခုတွင် တစ်နှစ်လျှင် တီဘီလူနာ ပျမ်းမျှ ၁ဝဝ မှ ၁၅ဝ ဦးအထိ ကုသမှုခံယူနေကြောင်း အထက်ပါ သုတေသနအရ သိရသည်။

ထို့အပြင် ယင်းဆေးခန်းများတွင် လူနာ၏ ရောဂါအခြေအနေနှင့် ရင် ဘတ်ဓာတ်မှန် တွေ့ရှိချက်များအပေါ် မူတည်၍ ဆေးကုသသည့်ကာလမှာ ၆ လမှ ၂ နှစ်အထိကြာမြင့်ကြောင်းသိရသည်။

ယင်းကြောင့် ဝေးလံခေါင်ဖျားပြီး သွားလာရေး ခက်ခဲသောဒေသ ရှိ ပြင်ပ ဆေးကုခန်းများသည် တီဘီရောဂါ တိုက်ဖျက်ရေးလုပ်ငန်းတွင် အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်းဦး ဆောင်မှုအောက်တွင် ပူးပေါင်းပါဝင် လာအောင် စည်းရုံးရန်အလွန်လိုအပ် ကြောင်း သုတေသန ၌ဖော်ပြထားသည်။

မြတ်စုငြိမ်း
Popular Myanmar News Journal

0 comments:

Post a Comment