5.3.14

"ဗီယမ်နမ်နိုင်ငံမှာ အနုပညာ လှုပ်ရှားမှုနဲ့ နိုင်ငံ့ ဂုဏ်မြှင့်တင်နေ တဲ့ ခင်ရွှန်းလဲ့ဝေ (Lilly Luta)"



Wednesday, March 5, 2014

အနုပညာလောကကို ၂ဝဝ၉ ခုနှစ်မှာ စတင် ဝင်ရောက်ခဲ့ပြီး အနုပညာ သက်တမ်း ၅နှစ် အတွင်းမှာ ရည်မှန်းချက် အတိုင်း ခြေလှမ်းမှန် မှန် လျှောက်လာခဲ့ သူ ကတော့ မြန်မာ လှပျိုဖြူလေး ခင်ရွှန်းလဲ့ဝေ (Lilly Luta) ပဲဖြစ်ပါတယ်။ အခု လက်ရှိမှာ သူမဟာ ဗီယမ်နမ်နိုင်ငံရှိ ဟိုချီမင်း မြို့မှာ နေထိုင်လျက် ရှိပြီး အနုပညာ အ လုပ်တွေ လုပ်ဖြစ် နေသလို၊ College ကျောင်းဖြစ်တဲ့ TC Hochi Minh CityrSm Department of Banking and Finance ပညာရပ်သင်တန်းကို တက်ရောက် သင်ကြားနေ သူလည်း ဖြစ်ပါတယ်။ ဆက်လက်ပြီး အနုပညာလှုပ်ရှားမှု အကြောင်းတွေ အပြင် လူငယ် တစ်ယောက်ရဲ့ လူမှုဘဝ ပုံရိပ်တွေ အကြောင်း ကို သူ နဲ့မေးမြန်း ဖြစ်ခဲ့ပါတယ်။
မေး- အနုပညာအလုပ်ကို စပြီးဘဝရှင်သန်မှုအတွက် ရွေးချယ်ဖြစ်ခဲ့တဲ့ အဓိက အကြောင်းအရာကို သိချင်ပါတယ်။

ဖြေ- ဒီအနုပညာ အလုပ်ကို ဟိုးအရင်ကတည်းက ဝါသနာပါခဲ့တယ်။ အားလုံးကလည်း ဖြစ်နိုင် ခြေရှိလိမ့်မယ် ဆိုပြီး ပံ့ပိုးပေးကြတယ်။ ဒါကြောင့် အနုပညာလောက ထဲကို ရောက် လာတယ်။ ကိုယ့်မှာလည်း ဒီအတတ်ပညာ လေးတစ်ခုပဲ ရှိတော့ မိဘတွေရဲ့ မွေးကျေးဇူးကို ဆပ်ဖို့ ဒီလမ်းလေးကို ရဲရဲဝံ့ဝံ့ လျှောက်လှမ်းခဲ့တာပါ။

မေး- တိုင်းတစ်ပါးမှာ ကိုယ် စိုက်ပျိုးတဲ့အနုပညာအပင်လေးရှင်သန် အောင် ဘယ်လိုကြိုးစားခဲ့ပါသလဲ။

ဖြေ- သူများနိုင်ငံမှာ အနုပညာ လုပ် ဖို့ဆိုတာ ကိုယ်က နိုင်ငံသား မဟုတ် တော့ တအားခက်ခဲတဲ့ အရာတစ်ခုပါ။ အဲဒီလို အခက်အခဲတွေ အများကြီးကို ရင်ဆိုင်ခဲ့ ရတယ်။ ဟိုမှာ အနု ပညာလောကထဲ စဝင်ဝင်ချင်း တော်တော်လေးကို ခက်ခဲခဲ့ပါတယ်။ ကိုယ့်ကို လိုတဲ့သူတွေလည်း ရှိသလို၊ မလိုလားတဲ့ သူတွေလည်း ရှိတယ်။

မေး- ကြုံလာတဲ့ အခက်အခဲတွေ ကို လူငယ်တစ်ယောက် အနေနဲ့ ဘယ်လို တုံ့ပြန်တတ်ပါသလဲ။

ဖြေ- လူငယ် တစ်ယောက် အနေနဲ့ ကြုံတွေ့လာနိုင်တဲ့ အခက်အခဲတွေကို မိသားစုနဲ့ တိုင်ပင်ဖြေရှင်းတာ အကောင်းဆုံးပါပဲ။ မိသားစုနဲ့ တိုင်ပင်မှ ကိုယ် ဘာလုပ်သင့်လဲ။ ဘယ်လိုမျိုးတွေ လုပ်ဆောင်သင့်လဲ ဆိုတာဆုံး ဖြတ်နိုင်မှာပါ။ ဒါကြောင့် ဘယ်လို အခက်အခဲမျိုးမဆို ရင်ဆိုင်လာရပြီ ဆိုရင် မိသားစုနဲ့ တိုင်ပင်ပါ လို့ ပြောချင်တယ်။

မေး- အနုပညာရှင်တစ်ဦးဖြစ်လာတဲ့အခါမှာ လူမှုပေါင်းသင်းဆက်ဆံရေး က ညီမအတွက် ဘယ်လောက်ထိအရေးပါလာတယ်လို့ ခံစားမိလဲ။

ဖြေ- အနုပညာသမား တစ်ယောက်ဟာ လူမှု ဆက်ဆံရေးကောင်းမှ ကိုယ့်ရဲ့ ပရိသတ်တွေက ကိုယ့်ကို ချစ်ကြမယ်။ ကိုယ့်ကို ချစ်မှလည်း။ ကိုယ်က အနုပညာ အလုပ်ကို ယုံကြည်ချက်တွေ များစွာနဲ့ ဆက်လုပ်သွားနိုင်မယ်။

မေး- ဘဝမှာစံပြလို့ထားတဲ့ လူသားတစ်ဦးတစ် ယောက် ရှိပါသလား။

ဖြေ- ကိုယ့်ရဲ့စံပြနမူနာ ကတော့ မိဘနဲ့သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေ ပါပဲ။

မေး- မြန်မာနိုင်ငံက ဒါရိုက်တာတွေ ညီမကို ဇာတ် လမ်း ရိုက်ကူးခွင့်ကမ်းလှမ်းလာခဲ့ရင် ပါဝင်ပူး ပေါင်းဖြစ်မှာလား။

ဖြေ- မြန်မာနိုင်ငံက ဒါရိုက်တာတွေ အားလုံးက သိပ်တော် ကြပါတယ် ။မြန်မာနိုင်ငံက ဒါရိုက်တာတွေ သာ အခုလိုမျိုး အခွင့်အရေး ပေးခဲ့ရင် ဘယ်သူနဲ့ ပဲဖြစ် ဖြစ် အတူ တူ လက် တွဲပြီး အလုပ်လုပ်ချင်ပါတယ်။

မေး- ရိုက်ကွင်းထဲက အမှတ်တရနေ့စွဲ လေးတွေ ကော ညီမမှာရှိလား။

ဖြေ- အနုပညာ သက်တမ်း တစ်လျှောက်မှာ အမှတ် တရလေး တစ်ခု ရှိတယ်။ ရိုက်ကွင်း တစ်ခုမှာ ဒါရိုက်တာက ကားမောင်းပြီးတော့ စကားပြော တဲ့ ဇာတ်ဝင်ခန်း တစ်ခု ရိုက်တဲ့ အချိန်တုန်း က ကိုယ်ကလည်း ကား မောင်း သင်ခါစ ဆို တော့ သိပ် ကျွမ်းကျွမ်းကျင်ကျင်ကြီး မလုပ်တတ်ဘူး။ အဲဒီကား ကလည်း ဒါရိုက်တာရဲ့ကား။ သူက လည်း လုပ် ကြည့်ပါဆိုတော့ သတ္တိတွေမွေး ပြီး မောင်းတာ။ ကားရှေ့က သစ်ပင်ကြီး ဝင်တိုက်မိ သွားတယ်။ သူလည်း တော်တော် စိတ်ညစ်သွား တယ်။ ငါ ကားပေး မောင်းတာ မှားပြီထင်ပါတယ်ဆိုပြီး Lilly ကို အော်ပါလေရော။ ဒါလေးတော့ အမှတ်တရပေါ့။

ထူးထူး
Popular Journal

0 comments:

Post a Comment