5.3.14

ကမ္ဘာ့အလှဆုံးဒေသ ၁ဝ ခုကိုပို့ဆောင်မည့် အပန်းဖြေခရီးစဉ် ပုဂံပါဝင်



5-3-2014

အင်္ဂလန်နိုင်ငံအခြေစိုက် ဇိမ်ခံခရီးသွားကုမ္ပဏီတစ်ခုဖြစ်သော Very First To မှ ထုတ်ပြန်လိုက်သော ကမ္ဘာ့အလှဆုံးဒေသ ၁ဝ ခုကို လှည့်လည်ပို့ဆောင်မည့် တန်ဖိုးကြီးအပန်းဖြေခရီးစဉ်တွင် မြန်မာနိုင်ငံရှိ သမိုင်းဝင်ယဉ်ကျေးမှုနယ်မြေတစ်ခုဖြစ်သော ပုဂံဒေသပါဝင်နေသည်ဟု အင်္ဂလန်နေ့စဉ်ထုတ်သတင်းစာ ဒေးလီးမေးလ်က ယနေ့ဖော်ပြသည်။


Very First To ကုမ္ပဏီသည် ဂျပန်ဓာတ်ပုံနည်းပညာကုမ္ပဏီတစ်ခုဖြစ်
သော ဖူဂျီကုမ္ပဏီနှင့်ပူးပေါင်းကာ အဆိုပါခရီးစဉ်ကို စီစဉ်လိုက်ခြင်း ဖြစ်သည်ဟုဆိုသည်။

အဆိုပါခရီးစဉ်အတွင်း၌ထည့်သွင်းထားသော ဒေသ ၁ဝခုမှာ ကမ္ဘာပေါ်တွင်အလှဆုံးနှင့်ဓာတ်ပုံရိုက်ရန် အကောင်းဆုံး နေရာများဖြစ်သည်ဟုသိရသည်။ ကမ္ဘာ့အလှဆုံးဒေသ ၁ဝခုကို လှည့်လည်သွားရောက်မည့် အပန်းဖြေခရီးစဉ်၏ စုစုပေါင်းအကွာအဝေးမှာ ၅၇၉၅၂ မိုင်ရှိမည်ဖြစ်ပြီး လူတစ်ဦးအတွက် ကျသင့်ငွေ အမေရိကန် ဒေါ်လာ ၁၂၅ဝဝဝ ရှိမည်ဖြစ်၍ ကမ္ဘာ့ဈေးအကြီးဆုံးအပန်းဖြေ ခရီးစဉ်တစ်ခုဖြစ်လာမည်ဟု
ဒေးလီးမေးလ်ကဖော်ပြသည်။ ခရီးစဉ် တစ်ခုလုံးတွင် ဖူဂျီကုမ္ပဏီမှအကောင်းဆုံး ကင်မရာများဖြင့် မှတ်တမ်းတင်ခွင့်ရရှိရန် စီစဉ်ပေးမည်ဖြစ်၍ ယခုခရီးစဉ်အပေါ် စိတ်ဝင်စားသူမြင့်တက်လျက်ရှိသည်ဟုသိရသည်။

အဆိုပါခရီးစဉ်ကို အဆင့်မြင့်ဝန်ဆောင်မှုများဖြင့် စီစဉ်ပေး မည်ဖြစ်ပြီး သွားရောက်မည့်နိုင်ငံများတွင်လည်း ကြီးမားသည့် အကျိုးသက်ရောက်မှုများရှိစေလိမ့်မည်ဟုမာဆယ်လ်ကေနော့ဘီ က ပြောကြားသည်။ ခရီးစဉ်တွင်ပါဝင်မည့် ဒေသ ၁ဝ ခုမှာ-

(၁) ဘာလီကျွန်း- အင်ဒိုနီးရှား
(၂) ဘိုရာဘိုရာ - ပြင်သစ်ပိုလီနီးရှား
(၃) ဂရန်းကန်ညွှန်ချောက် - အမေရိကန်
(၄) ဂရိတ်ဘာရီယာသန္တာကျောက်တန်း- သြစတြေးလျ
(၅) ဟာလောင်းပင်လယ်အော်- ဗီယက်နမ်
(၆) ဟိမဝန္တာနှင့် ဧဝရက်တောင်- နီပေါ
(၇) ပီထရာမြို့ဟောင်း - ဂျော်ဒန်
(၈) ပုဂံမြို့ဟောင်း - မြန်မာ
(၉) ရီယိုဒီဂျနေးရိုးမြို့ - ဘရာဇီး
(၁ဝ) တောရက်စ်ဒီပိန်းအမျိုးသားဥယျာဉ်- ချီလီ

0 comments:

Post a Comment