5.3.14

အစိုးရသစ်လက်ထက်တွင် တိုင်းရင်းသားဘာသာဖြင့် သတင်းဂျာနယ် (၉)စောင်ထုတ်ဝေခွင့်ပြုခဲ့၊ ဆက်လက်ခွင့်ပြုပေးရန်လည်း အစီစဉ်ရှိဟုဆို


5-3-2014

အစိုးရသစ်လက်ထက်တွင် တိုင်းရင်းသားဘာသာဖြင့် သတင်းဂျာနယ် (၉)စောင်ထုတ်ဝေခွင့်ပြုခဲ့ပြီး ဆက်လက်ခွင့်ပြုပေးရန်လည်း အစီစဉ်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးပိုက်ထွေးကပြောသည်။
"အတိတ်ကာလတစ်လျှောက်မှာ တိုင်းရင်းသားများနေထိုင်ရာ နယ်စပ်ဒေသများအပါအ၀င် ကျေးလတ်ဒေသများဆီ မီဒီယာပျံနှံ့မှုဟာ အားနည်းခဲ့တဲ့အတွက် မြို့ပြနဲ့ ကျေးလက်ဒေသများအားနည်း ခဲ့တဲ့အတွက် အသိပညာ ဗဟုသုတရှာမြီးခွင့်အားနည်းခဲ့တယ်။ဒါကြောင့် အစိုးရသစ်လက်ထက်မှာ သတင်း အချက်အလက်များတစ်နိုင်ငံလုံးကို မျှတစွာ ရောက်ရှိသွားအောင်ဆောင်ရွက်ဖို့ရှိပါတယ်။"ဟု ၎င်းကဆိုသည်။
လွှတ်တော်သို့တင်သွင်းထားသည့် မီဒီယာဥပဒေကြမ်း မှာ ဥပဒေအဖြစ် ပေါ်ပေါက်လာမည် ဆိုပါကလည်း နေ့စဉ်ထုတ်သတင်းစာများကိုလည်း မြန်မာစာပေဖြင့်သာမက တိုင်းရင်းသားစာပေ များဖြင့်လည်း သတင်းစာများထုတ်ဝေနိုင်ရေးအပြင် ရုပ်သံထုတ်လွှင့်ခြင်းဥပဒေ အတည်ပြုပြီးပါကလည်း တိုင်းရင်းသားဒေသများတွင် ရေဒီယို ၊FM၊ရုပ်မြင်သံကြား အစီစဉ်များကိုလည်း ပုဂ္ဂလိက ခွင့်ပြုပေးသွားရန်ရှိကြောင်း ၎င်းကပြောသည်။
ယင်းအပြင် တိုင်းရင်းစာပေများကို မြန်မာနှင့် အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ဆို၍ ဈေးနှုန်းချိုသာစွာဖြန့်ချီနိုင်ရေး ဥပဒေကြမ်း ကိုလည်းရေးဆွဲ လျှက်ရှိသည် ဟု ၎င်းကဆက်ပြောသည်။

WMT
Popular Myanmar News Journal

0 comments:

Post a Comment