5.3.14

နိုင်ငံတော်မှချီးမြှင့်မည့် ထုတ်လုပ်ရောင်းချမှု အကောင်းဆုံး စီးပွားရေးလုပ်ငန်းရှင်ဆု ပဏာမရွေးချယ်ရေး ကွင်းဆင်းစိစစ် ဆောင်ရွက်


နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုများတွင်ပါဝင်သော ထုတ်လုပ်ရောင်းချမှု အကောင်း ဆုံး အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်ဆု ရွေးချယ်ရေးအတွက် နိုင်ငံ့စွမ်းဆောင်ရည်ဆု ပဏာမရွေးချယ်ရေးအဖွဲ့မှ တနသာင်္ရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့နယ်အတွင်းရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအား မတ်လ (၄) ရက် နံနက်(၉)နာရီက ပဏာမသွားရောက်စိစစ် အကဲဖြတ်စစ်ဆေးခဲ့ကြသည်။


အဆိုပါ ရွေးချယ်ရေးအဖွဲ့မှ အလတ်စားစီးပွားရေး လုပ်ငန်း(၆)ခုနှင့် အသေးစား စီးပွားရေးလုပ်ငန်း (၄)ခုအား ပဏာမကွင်းဆင်းစိစစ်ဆောင်ရွက်တွင် ပဏာမရွေးချယ်ထားသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ မေးခွန်းများ မေးမြန်းခြင်း၊ ကုန်ထုတ်လုပ်မှု အခြေအနေ၊ ထုတ်ကုန်များ၏ ရောင်းချနိုင်မှုနှင့် ဈေးကွက် ထိုးဖောက်နိုင်မှု အခြေအနေ၊ လူမှုစီးပွားစောင့်ရှောက်မှုနှင့် တာဝန်သိမှုတို့အား သတ်မှတ် စည်းမျဉ်း စည်းကမ်းများနှင့် ကိုက်ညီမှု ရှိမရှိ ပဏာမသွားရောက်စိစစ် အကဲဖြတ်စစ်ဆေးခဲ့ကြကြောင့် သတင်းရရှိသည်။

0 comments:

Post a Comment