5.3.14

အိန္ဒိယ-မြန်မာ-ထိုင်း ချိတ်ဆက်မှု ဘင်္ဂလားဒေ့ရှ်ပါဝင်ရန် သမ္မတတိုက်တွန်း


5-3-2014

အိန္ဒိယ-မြန်မာ-ထိုင်း ချိတ်ဆက်မှုစနစ်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်း စိန်က ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှီရက်စ်ဟာ ဆီနာကို မတ် ၃ ရက်က မေတ္တာရပ်ခံကြောင်း သိရသည်။

ယင်း စနစ်သည် အိန္ဒိယ-မြန်မာ-ထိုင်း နိုင်ငံတို့ကို အိမ်နီးချင်းနိုင်ငံများအကြား ကုန်သွယ်ရေးမြှင့်တင်ရာ တွင် အကူအညီ ပေးနိုင်ကြောင်း ဦးသိန်းစိန်က ပြောကြားသည်။

နေပြည်တော်ရှိ သမ္မတအိမ်တော်တွင်ရှိ ရှီရက်စ်ဟာဆီနာနှင့် ဆွေးနွေးပွဲပြုလုပ်ပြီးနောက် သမ္မတဦးသိန်း စိန်က အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။


ဟာဆီနာသည် ယခုအခါ မတ် ၄ရက်တွင် ကျင်းပမည့် BIMSTEC ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် အတွက် နှစ်ရက်ကြာခရီးစဉ်အဖြစ် နေပြည်တော်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။

အိမ်နီးချင်းနှစ်နိုင်ငံအကြား ငြိမ်းချမ်း၍ ချစ်ကြည်ရင်းနှီးသော နှစ်နိုင်ငံဆွေးနွေးမှုများမှတစ်ဆင့် မြန်မာဒုက္ခ သည် ပြဿ နာများကို ဖြေရှင်းသင့်သည်ဟု ၀န်ကြီးချုပ် ရှီရက်စ်ဟာဆီနာက ပြောသည်။

နှစ်နိုင်ငံခေါင်းဆောင် နှစ်ဦးသည် နာရီများစွာကြာမြင့်သော ဆွေးနွေးပွဲအတွင်း နိုင်ငံတကာရေးရာကိစ္စရပ် များအပြင် နှစ်နိုင်ငံအကြား အဓိကစိုးရိမ်နေသော ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း ဆွေးနွေးပွဲ ပြီးနောက် ၀န်ကြီးချုပ်၏ အထူးလက်ထောက် မာဘူဘူလ်ဟို ကွီရှာကီလ်က သတင်းထောက်များကိုပြော ကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေဖြင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို ခိုင်မာစေရန်ဒေသတွင်း ရရှိထား သော တည်ငြိမ်အေးချမ်းမှုကို ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟာဆီနာက ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်အနေဖြင့် မြန်မာနိုင်ငံ နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်မှုကို ယခုထက်ပို၍ ခိုင်မာစေရန် အလေးထားကြောင်း ၎င်းကပြောကြားသည်။

နိုင်ငံအချင်းချင်း ချိတ်ဆက်မှုသည် ဒေသတွင်း၏ အဓိကရန်သူဖြစ်သော ဆင်းရဲမွဲတေမှုကို လျှော့ချရာတွင် အရေးပါသော အခန်းကဏ္ဍတစ်ရပ်အဖြစ် ပါဝင်ဆောင်ရွက်နိုင်ပြီး ယင်းကဲ့သို့ ဆောင်ရွက်နိုင်ခြင်းက ဒေ သတွင်းနိုင်ငံများအားလုံးအတွက် အကျိုးအမြတ်ရရှိစေမည် ဖြစ်ကြောင်း ၀န်ကြီးချုပ်က ပြောကြားသည်။

Mizzima - News in Burmese

0 comments:

Post a Comment