5.3.14

ပြည်တွင်းဝက်ဘ်ဆိုဒ်ငယ်များ လုံခြုံရေးပိုင်းတွင် အားနည်းချက်ရှိဟု အိုင်တီပညာရှင်အချို့ပြော

ပြည်တွင်းတွင်နှစ်စဉ် အင်တာနက်အသုံးပြုမှု ပိုမိုမြင့်တက်လာသောကြောင့် ၀က်ဘ်ဆိုဒ်ငယ်များ လွှင့်တင် မှုများပြားလာရာ ယင်းဝက်ဘ်ဆိုဒ်ငယ်များ၏ လုံခြုံ ရေးအပိုင်းတွင် အားနည်းချက်များရှိသည်ဟု ပြည်တွင်း အိုင်တီပညာရှင်တစ်ဦးဖြစ်သူ Compu Tech Computer Training ၏ ဒါရိုက်တာ ဦးရဲကျော်သိန်းက ပြော သည်။


ဦးရဲကျော်သိန်းက “၀က်ဘ်ဆိုဒ်တွေ အတိုက်ခိုက်ခံရတယ်ဆိုတဲ့ အပိုင်းကိုကြည့်ရင် ပထမအဆင့်မှာတင် Error တွေက စတက်နေပါပြီ။ ကိုယ်သုံးတဲ့ OS ကို လိုင်စင်နဲ့ ၀ယ်မသုံးဘူး။ ကိုယ်သုံးတဲ့ Application ကို လည်း အခမဲ့ရတာသုံးတယ်။ Patch တွေကိုလည်း ဒီအတိုင်းပဲ။ နောက်တစ်ချက်က Application က ပုံ သေပါလာတဲ့ အတိုင်းသုံးကြတယ်။ ဒီပုံသေပါလာတာတွေကို ပိတ်ပစ်ရမှာ။ Hacker တွေ ၀င်လာရင် ဒီလေးချက်လောက်ကို လှည့်ပတ်လိုက်တာနဲ့ အထဲကိုရောက်လာရော။ ဒါတွေ ပြင်ဆင်လိုက်မယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်”ဟု ဆိုသည်။

ဝက်ဘ်ဆိုဒ်များ လုံခြုံမှုအတွက် အခြေခံလိုအပ်ချက်များအပြင် လုံခြုံရေးအတွက် စိတ်ချရနိုင်မည့် Hosting များကို ချိတ်ဆက်အသုံးပြုသင့်ပြီး အဆိုပါ Hosting များကို ချိတ်ဆက်ရန် ငွေကြေးကုန်ကျမှု အနည်းငယ် ပိုမိုကျသင့်မည်ဖြစ်သည်ဟု ဦးရဲကျော်သိန်းက ဆိုသည်။

၎င်းက “အရင်ကဆိုရင် Hosting တစ်ခုကို ချိတ်ဆက်ဖို့ ဒေါ်လာ ၇၀၀ က နေ ၈၀၀ လောက်အထိ ကုန်ကျ ပါတယ်။ အခုဆိုရင် ဒေါ်လာ ၃၀ ကနေ ၄၀ ကြားလောက်ပဲ ရှိတော့တယ်။ ဒီလိုလျှော့ချလိုက်တာက Hosting ကနေပါလာမယ့် Function တွေ၊ Security တွေကိုလျှော့ချလိုက်တာပါ။ ဒီအတွက် လုံခြုံရေးကို စိတ်မချရတော့ဘူး။ Security အတွက်စိတ်ချရမယ့် Hosting တွေကို သုံးမယ်ဆိုရင် ဒေါ်လာ ၂၅၀ ကနေ ၃၀၀ ကြားလောက်နဲ့ ရနိုင်ပါတယ်။ ဒါဆိုရင် ကိုယ်ကလုပ်စရာတောင်မလိုပါဘူး။သူ့အလိုလိုလုပ်ပေးသွား မှာပါ”ဟု ဆိုသည်။

ပြည်တွင်းတွင် အင်တာနက်အသုံးပြုမှု မြင့်တက်လာသည်နှင့်အမျှ အွန်လိုင်းမှတစ်ဆင့် ကြော်ငြာလုပ်ငန်း၊ ကုမ္ပဏီများ၏ ၀က်ဘ်ဆိုဒ်ငယ်များ အများအပြား လွှင့်တင်လာခဲ့ပြီး လုံခြုံရေးစနစ်လိုအပ်ချက်များရှိနေ သည်ဟု အိုင်တီအကြံပေးကုမ္ပဏီ တစ်ခုဖြစ်သည့် Diamond Consultant Group မှ အမှုဆောင်အရာရှိ ချုပ် ဦးသက်အောင်မင်းလတ်က ပြောသည်။

ဦးသက်အောင်မင်းလတ်က “ပြည်တွင်းဝက်ဘ်ဆိုဒ်တွေကHosting ရွေးချယ်မှုမှာ လုံခြုံရေးအာမခံနိုင်ပြီးDDos လို တိုက်ခိုက်မှုမျိုးတွေကို အာမခံနိုင်တဲ့ဟာတွေကို ငွေသုံးပြီး ၀ယ်ကြတာမျိုး မတွေ့ရဘူး။ ၀က်ဘ် ဆိုက်ကို ထိန်းချုပ်တဲ့ Admin တွေအနေနဲ့ကလည်း သူတို့ရဲ့ Email စတာတွေကို Public Network တွေ မှာ သုံးတာမျိုးတွေက လုံခြုံရေးကို ထိခိုက်စေနိုင်ပါတယ်။ Email ကနေတစ်ဆင့် လုံခြုံရေးကျိုးပေါက်တာ တွေရှိနိုင်ပါတယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြုမှု မြင့်တက်လာသည်နှင့်အမျှ အွန်လိုင်းမှတဆင့် ၀န်ဆောင်မှုများ ပေးနိုင်ရန် ပြည်တွင်းကုမ္ပဏီများက အပြိုင်ဆောင်ရွက်လျက်ရှိပြီး မိုဘိုင်းအင်တာနက်အသုံးပြုမှုများလာ သောကြောင့် အင်တာနက်အသုံးပြုသူမှာလည်းပြီးခဲ့သည့် နှစ်နှစ်ခန့်အတွင်း သိသိသာသာ မြင့်တက်လာခဲ့ သည်။

Mizzima - News in Burmese

0 comments:

Post a Comment