5.3.14

ကိုရီးယားနှင့် သီရိလင်္ကာ ခရီးသွားကဏ္ဍ ပူးပေါင်းဆောင်ရွက်


Wednesday, March 5, 2014

နှစ်နိုင်ငံခရီးသွားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ Millennium Hilton Hotel တွင် ဖေဖော်ဝါရီ ၁၄ ရက်က ကိုရီးယား-သီရိလင်္ကာခရီးသွားလာရေးနှင့် ကမ္ဘာလှည့် ခရီးသွားလုပ် ငန်း ကလပ် (The Korea Sri Lanka Tarvel & Tourism Club)ကို ဖွင့်လှစ်ခဲ့သည်။ သီရိလင်္ကာနှင့် တောင်ကိုရီးယားနှစ်နိုင်ငံ ယဉ်ကျေးမှုနှင့် စီးပွားရေး ကူးလူးဆက်ဆံမှုများ မြှင့်တင်ရန် ယင်းကလပ်ကို ဖွင့် လှစ်ခဲ့ခြင်းဖြစ်သည်။ ကလပ်၏ အဓိကရည်မှန်းချက် တစ်ရပ်မှာ သီရိလင်္ကာ-ကိုရီးယား ဆက်ဆံရေးများ အတွက် ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန် ဖြစ်သည်။

အဆိုပါ ကလပ်ဖွင့်ပွဲသို့ စီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီးဌာန၀န်ကြီး Hon.Basil Raja paksa က အထူးဧည့်သည် တော်အဖြစ် တက်ရောက်ပြီး ကလပ်အဖွဲ့ဝင် ကိုရီးယား နှင့် သီရိလင်္ကာ ၁၀၀ ကျော်နှင့်လည်းတွေ့ဆုံခဲ့ သည်။ ပတ်ဝန်းကျင်ရေးရာနှင့် ပြန်လည်ပြည့်ဖြိုးမှု စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီး Hon.Basil Raja paksa လည်း တက်ရောက်လာခဲ့သည်။

သီရိလင်္ကာနှင့်တောင်ကိုးရီးယား ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဖလှယ်ခြင်းကို မြှင့်တင်ခြင်းနှင့် ကိုရီး ယားခရီးသွားဧည့်သည်များ တိုးမြှင့်ရေး ဦးတည်သည့် ယင်းကလပ်ဖွင့်ပွဲကို စီစဉ်သူများနှင့် အဖွဲ့ဝင်များ အား လေးစားတန်ဖိုးထားမှုကိုလည်း ၀န်ကြီး Raja paksa က ထုတ်ဖော်ပြသခဲ့သည်။

သီရိလင်္ကာအနေဖြင့်လည်း ကိုရီးယား အဓိကဈေးကွက်များတွင် အားသွန်မြှင့်တင်လျက်ရှိနေပြီး တစ်နှစ် ပါတ်လုံးစည်းရုံးမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်သည်။

Mizzima - News in Burmese

0 comments:

Post a Comment