5.3.14

စာမေးပွဲကာလ မီးမပြတ်စေရန် ၀န်ကြီး ညွှန်ကြား

5-3-2014

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုစဉ်ကာလတွင် လျှပ်စစ်ပြတ်တောက်မှုမရှိစေရန် လျှပ်စစ်နှင့် စက်မှု လက်မှုဝန်ကြီးဌာနက ညွှန်ကြားချက်ထုတ်ပြန်ထားရှိပြီးဖြစ်ကြောင်း မန္တလေးတိုင်းဝန်ကြီး ဦးကျော်မြင့်က မတ်လ ၄ ရက်၌ မဇ္ဈိမကို ပြောသည်။


“တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုတဲ့ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစေဖို့အတွက် မြို့နယ် အလိုက် လုပ်ဆောင်ပေးဖို့ ညွှန်ကြားထားပြီးဖြစ်ပါတယ်။ မတ်လ ၃ ရက်က ၂၂ ရက်အထိ လျှပ်စစ်မီး မပြတ်အောင် လုပ်ဆောင်စေမှာဖြစ်ပါတယ်”ဟု ၀န်ကြီးက ပြောသည်။

စာမေးပွဲဖြေဆိုစဉ်ကာလ လျှပ်စစ်မီးမရ၍ ကျောင်းသားများ အခက်အခဲမတွေ့စေရေးအတွက် လျှပ်စစ် မီးပေးဝေခြင်းနှင့် ညပိုင်းအချိန် စက်ရုံအလုပ်ရုံများ လည်ပတ်ခြင်းတို့ကိုလည်း ညွှန်ကြားချက်ထုတ်ပြန် တားမြစ်လုပ်ဆောင်သွားရန်လည်း စီစဉ်မည်ဖြစ်သည်။

“တိုင်းလျှပ်စစ်အင်ဂျင်နီယာဌာနကို ညွှန်ကြားချက်ပေးပြီးဖြစ်တယ်။ သူတို့အနေနဲ့ အဆင်ပြေအောင် ကူ ညီလုပ်ဆောင်ပေးဖို့လည်း ပြောပြီးဖြစ်ပါတယ်။ လိုအပ်ချက်အလိုက် မီးပေးဝေမှုတွေ လုပ်ဆောင်သွား မှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

၎င်းအပြင် မန္တလေးတိုင်းအတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲရက်များတွင် စားသောက်ဆိုင်များ၌ တေး သီချင်းသံများ ကျယ်လောင်စွာဖွင့်ခြင်း၊ စက်မှုလက်မှုလုပ်ငန်းများတွင် အသံကျယ်လောင်စွာဖြင့် ထုတ် လုပ်ခြင်းများကိုလည်း တားမြစ်ထားရှိပြီးဖြစ်သည်။ တားမြစ်ချက်များကို မလိုက်နာမှုများ တွေ့ရှိပါက သက်ဆိုင်ရာ အထွေအထွေအုပ်ချုပ်ရေးမှူးရုံးများထံ တိုင်ကြားနိုင်သည်ဟု ဆိုသည်။

“စာမေးပွဲမဖြေခင်မှာ ကားတွေနဲ့ ဆူညံသံထွက်ပေါ်နေတဲ့နေရာတွေ အားလုံးကို လိုက်လံသတိပေးသွား မှာဖြစ်ပါတယ်။ ဆက်လုပ်နေတယ်ဆိုရင် ခေတ္တအလုပ်ပိတ်တာမျိုး လုပ်ဆောင်စေမှာဖြစ်ပါတယ်။ အသိ ရှိအောင်တော့ အခုကတည်းကစပြီး အသိပေးနေပါပြီ”ဟု ချမ်အေးသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေး မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လျှပ်စစ်မီး၊ ကျန်းမာရေးလိုအပ်ချက်များအလိုက် ပြင်ဆင်မှုများ စတင်လုပ်ဆောင်နေပြီး မိုက်ကရိုကော်ပီ များရောင်းချမှုနှင့် အခြားမလိုလားအပ်ဖွယ်ကိစ္စများ တားဆီးရေးများကိုလည်း သက်ဆိုင်ရာဌာနအလိုက် လုပ်ဆောင်နေပြီဟု ဆိုသည်။

Mizzima - News in Burmese

0 comments:

Post a Comment