5.3.14

ပီတိ အခမဲ့ဆေးခန်း ရှစ်နှစ်အတွင်း လူနာတစ်သိန်းခုနစ်သောင်းကျော် ကုသပေးခဲ့

ရေခဲ(ပြည်)

လူမျိုး၊ ဘာသာမရွေး ကျန်းမာရေး အခမဲ့ဝန်ဆောင်မှုပေးလျက်ရှိသည့် ပဲခူးတိုင်း ပြည်မြို့တွင်ဖွင့်လှစ်ထား သော ပီတိ အခမဲ့ဆေးခန်းသည် ရှစ်နှစ်တာကာလအတွင်း လူနာတစ်သိန်းခုနစ်သောင်းကျော်ကို အခမဲ့ကု သပေးခဲ့သည်ဟု မတ် ၃ ရက်ကပြုလုပ်သော အဆိုပါဆေးခန်း၏ ရှစ်နှစ်ပြည့်အခမ်းအနားတွင် ဆေးခန်း နာယကဦးသန်းအောင်က ပြောသည်။



“ကုသတဲ့အကြိမ်အရေအတွက်ကတော့ သုံးသိန်းကျော်တာပေါ့။ တစ်ယောက်တည်း သုံးလေးကြိမ်လည်း ရှိတယ်”ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

ရှစ်နှစ်တာကာလအတွင်း လူနာ ၁၇၅,၄၂၇ ဦး အခမဲ့ကုသရန် ဆေးဖိုးနှင့် စမ်းသပ်ခများအပါအ၀င် ၀န် ဆောင်မှုစရိတ်အမျိုးမျိုးအတွက် တန်ဖိုးငွေ ကျပ် ၃၄၆,၈၇၁,၃၇၄ ကျော် အသုံးပြုခဲ့ရပြီး ထိုကုန်ကျစရိတ် များကို ပြည်မြို့သူမြို့သားများနှင့် မြို့မိမြို့ဖများက စုပေါင်းလှူဒါန်းခြင်းဖြစ်ကြောင်း ဦးသန်းအောင်က ပြော သည်။

Mizzima - News in Burmese

0 comments:

Post a Comment