5.3.14

ကျေးလက်ဒေသအသက်မွေးဝမ်းကျောင်းနှင့် HIV ကာကွယ်ရေး ဂျပန်ရန်ပုံငွေဖြင့်ဆောင်ရွက်ရန် ADB နှင့်မြန်မာသဘောတူ

5-3-2014

HIVနှင့် AIDS ရောဂါကာကွယ် ကုသရေး ဝန်ဆောင်မှုများတိုးချဲ့ ခြင်းနှင့်ဝေးလံသောဒေသများတွင် နေထိုင်သူများနှင့် အန္တရာယ်ကျရောက်လွယ်သောဒေသရှိ ပြည်သူများအတွက် ဆင်းရဲမှုလျှော့ချ ရေးဆောင်ရွက်ရန် ဂျပန်နိုင်ငံ ရန်ပုံ ငွေ (JFPR) မှတစ်ဆင့် ဂျပန်အစိုးရ က ပေးသောထောက်ပံ့ငွေ အား မြန်မာနိုင်ငံအစိုးရနှင့်အာရှဖွံ့ဖြိုး ရေးဘဏ်(ADB)တို့ လက်ခံသည့် သဘောတူလက်မှတ်ကိုဖေဖော် ဝါရီ ၁၄ ရက်တွင် ရေးထိုးခဲ့ပြီး HIV/AIDS ရောဂါကုသရေး၊ ကာကွယ်ရေးလုပ်ငန်းများကို ပိုမို အားကောင်းရန် အစိုးရမဟုတ်သော အဖွဲ့အစည်း(NGO) များနှင့် ပူး ပေါင်းဆောင်ရွက်မည်ဟု ADB ဘဏ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အကြီး အကဲ Mr.Putu Kamayana က ပြောသည်။
အသက်မွေးဝမ်းကျောင်းအတွက် ထောက်ပံ့ငွေမှာအမေရိကန်ဒေါ်လာ ၁၂ သန်းဖြစ်ပြီး ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသ၊ အလယ်ပိုင်း ခြောက်သွေ့ဇုန်၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်ရှိကျေး ရွာများတွင်နေထိုင်သူ ခုနစ်သိန်း အတွက်အကျိုးရရှိမည်ဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများ၏ ဆင်း ရဲမှုလျှော့ချရန်စီစဉ်ကြောင်း ၄င်းက ပြောသည်။

ထိုစီမံချက်တွင် အဓိကကျ သည့် အင်္ဂါရပ်သည် ရပ်ရွာပြည်သူ များမှဦးဆောင်သည့် ချဉ်းကပ် နည်းဖြင့်ကျေးရွာအခြေခံအဆောက် အအုံများဖြစ်သည့်လမ်း၊ ဆိပ်ခံ တံတား၊ ရေနှင့်ဆည်မြောင်း အဆောက်အအုံ၊ စာသင်ကျောင်း၊ ကျေးရွာကျန်းမာရေးဌာနစသည်တို့ ကို တိုးတက်ရန်ဆောင်ရွက်မည် ဖြစ်ကြောင်းသိရသည်။

HIV နှင့် AIDS ရောဂါသည် များအတွက် JFPR ထောက်ပံ့ကြေး မှာ အမေရိကန်ဒေါ်လာ ၁ဝသန်း ဖြစ်ပြီးကျန်းမာရေးနှင် ဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုများ ပိုမို ပေးနိုင်မည်ဖြစ်ကြောင်း၊ကျန်းမာရေး ဝန်ဆောင်မှုနည်းပါးသည့် ဒေသ များသို့ ပြောင်းရွှေ့နေထိုင်ကြသူ များနှင့်ဒေသခံပြည်သူများ HIV အပါအဝင်ကူးစက်ရောဂါများဖြစ်ပွား မည့်အန္တရာယ်တိုးမြင့်လာခြင်းကို ကာကွယ်ရာတွင် အသုံးပြုမည်ဖြစ်
ကြောင်း ဦးရန်နိုင်ဟိန်း(အာရှဖွံ့ဖြိုး ရေးဘဏ်၊ ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ၊ ပြည်တွင်းလူမှုအဖွဲ့များ ဆက်သွယ်ရေးအရာရှိ)ကပြောသည်။

အဆိုပါ ဆင်းရဲမှုလျှော့ချရေး အတွက် ဂျပန်နိုင်ငံ၏ ရန်ပုံငွေစီမံ ကိန်းသည် ကျန်းမာရေးဝန်ဆောင် မှုနည်းပါးသည့်ဒေသမှပြည်သူများ အား ဝန်ဆောင်မှုများပိုမိုရရှိနိုင်ရန် နိုင်ငံတော်အစိုးရနှင့် NGO အဖွဲ့ အစည်းများအကြား မိတ်ဖက်ပြု ဆောင်ရွက်ခြင်းအသစ်များဖြစ်ပေါ် လာရန်အထောက်အပံ့ဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

The Union Daily

0 comments:

Post a Comment