5.3.14

Windows XP အတွက် အထောက်အပံ့ပေးနေမှု ဧပြီ ၈ တွင် အပြီးတိုင် ရပ်နားတော့မည်

5-3-2014

Microsoft က Windows XP ကို လာမည့်ဧပြီ ၈ ရက်တွင် ရပ်နားသွားတော့မည့် pop-up notification အား မတ် ၁ ရက်က တင်ခဲ့ပြီဖြစ်သည်။

အဆိုပါ အကြောင်းကြားစာကို Windows XP Home (သို့) Professional အသုံးပြုသူများက မြင်တွေ့သွား ရမည်ဖြစ်ပြီး လတစ်လတိုင်း၏ ၈ ရက်တိုင်းတွင် ပြုလုပ်သွားမည်ဖြစ်သည်။ အသုံးပြုသူများက အဆိုပါ Notification တွင် Microsoft ၏ Windows XP အား အဆုံးသတ်သွားတော့မည့် ၀က်ဘ်ဆိုဒ် လိပ်စာကို လည်း ထည့်သွင်းပေးထားမည်ဖြစ်သည်။


Microsoft မှ Windows XP အသုံးပြုသူများ ၎င်းတို့၏ အရေးကြီးဖိုင်များနှင့် အချက်အလက်များကို Windows 7၊ Windows 8(သို့) Windows 8.1 သို့ အလွယ်တကူရွှေ့ပြောင်းနိုင်ရန် PCmover Express ဟု အမည်ရသည့် tool တစ်ခုကို အခမဲ့ ဖြန့်ဝေပေးခဲ့သည်။ အဆိုပါ tool က ရေးဆွဲပေးထားခြင်းဖြစ် သည်။ PCmover Express အား အင်္ဂလိပ်ဘာသာဖြင့် Windowsxp.com တွင် ဒေါင်းလုဒ်ရယူနိုင်မည် ဖြစ်သည်။

Windows XP ပေါ်ရှိ မိမိတို့၏ Application များကို အခြားအဆင့်မြင့် Windows များပေါ်သို့ ရွှေ့ပြောင်း ချင်ပါကလည်း ဒေါ်လာ ၂၃ ဒသမ ၉၅ ရှိသည့် PCmover Professional ကို အသုံးပြုနိုင်မည်ဖြစ်သည်။ ဧပြီ ၈ ရက်မှ စတင်ကာ Microsoft မှ Windows XP နှင့် ပတ်သက်သည့် patch များကို ဆက်လုပ်ထုတ် လုပ်တော့မည် မဟုတ်သော်လည်း Windows XP အတွက် Microsoft Security Essentials Update များကို ၂၀၁၅ ဇွန်လိုင် ၁၄ အထိ ဆက်လက်ထုတ်လုပ်ပေးသွားမည်ဖြစ်ကြောင်း ကုမ္ပဏီမှကြော်ငြာခဲ့ သည်။

Windows XP အား ၂၀၀၁ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး Microsoft ၏ အအောင်မြင်ဆုံး Windows ဗားရှင်းများထဲတွင် တစ်ခုအပါဝင်လည်းဖြစ်သည်။

0 comments:

Post a Comment