5.3.14

အွန်လိုင်းပေါ်မှာ ခဏတာ သေသွားခဲ့တဲ့ ဟာဇတ်





အင်တာနက်ရေစီးနဲ့အတူ လူမှုဆက်သွယ်ရေး ကွန်ယက် သုံးစွဲသူ လှိုင်လှိုင်ပေါ်လာတဲ့အချိန်မှာ အောင်မြင်ကျော်ကြား သူတွေနဲ့ သူတို့ ပရိသတ်တွေ ဆက်သွယ်ဖို့ ပိုမိုလွယ်ကူလာခဲ့တာက ကောင်းတဲ့ အချက်ဆိုရင် ဟာဇတ် ကြုံခဲ့ရတာက ဘေးထွက်ဆိုးကျိုး တစ်ရပ်လို့ ပြောရပါလိမ့်မယ်။ ချဲလ်ဆီး ကွင်းလယ်လူ ဟာဇတ်ရဲ့ Fans page မှာ ပရိသတ် ၁သန်းကျော်ရှိပြီး မနေ့ညက အခြေအနေကတော့ တကယ့်ကို ရုတ်ရုတ်သဲသဲပါ။

ကျွန်တော်တို့ ချစ်ခင်နှစ်သက်တဲ့ ဟာဇတ်ဟာ ယာဉ်တိုက်မှုတစ်ခုကြောင့် ကွယ်လွန်သွားခဲ့ပါပြီ။ ကောင်းရာမွန်ရာ ရောက်ပါစေ ဟာဇတ်ဆိုပြီး ဟာဇတ် Fans page မှာ ရေးသားဖော်ပြခဲ့တာပါ။ ဒီသတင်းကို ယုံကြတဲ့ ပရိသတ်တွေကလည်း ဟာဇတ်အတွက် ၀မ်းနည်းကြောင်း ရေးသားကြ၊ ဆုတောင်းမေတ္တာပို့ကြနဲ့ အလုပ်တွေ ရှုပ်ကုန်ပါတယ်။

ဒီသတင်းဟာ ဖေ့ဘွတ်မှာတင်မကဘဲ တွစ်တာ၊ အင်စတာဂရမ်စတဲ့ လူမှုဆက်သွယ်ရေး ၀က်ဘ်ဆိုက်တွေထိပါ ကူးစက်သွားခဲ့ပါသေးတယ်။ အဲဒီအချိန်မှာ ဟာဇတ်ကတော့ အိုင်ဗရီကို့စ်နဲ့ ကစားရမယ့် ခြေစမ်းပွဲအတွက် ဘယ်လ်ဂျီယံအသင်းနဲ့အတူ လေ့ကျင့်ရေးဆင်းနေတာပါ။ နောက်ပိုင်းမှာတော့ ဒီသတင်းက အမှန်မဟုတ်ဘူး။ ကျီစယ်တာလို့ သိသွားခဲ့ကြပါတယ်။ ဟာဇတ်မတိုင်မီ အွန်လိုင်းကနေ ကျီစယ်ခံရသူတွေထဲမှာ အက်ရှ်လေကိုးလ်၊ တယ်ရီတို့လည်း ပါဝင်ခဲ့ပါတယ်။

http://yoyarlay.com/sport/football/40218-2014-03-04-17-41-04
@z (ရိုးရာလေး)

0 comments:

Post a Comment