5.3.14

အမျိုးသားအဆင့်ပညာရေးဆွေးနွေးပွဲတက်ခွင့်မရခြင်းအပေါ် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးကွန်ရက်သဘောထားထုတ်ပြန်

5-3-2014

ပညာရေးစနစ်ပြုပြင်ပြောင်းလဲ ရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်သည် အမျိုးသားအဆင့်ပညာရေးဆွေးနွေး ပွဲ တက်ရောက်ခွင့်မရခြင်းအပေါ် သဘောထားကြေညာချက်တစ် စောင်ထုတ်ပြန်ခဲ့သည်။

ယနေ့မွန်းတည့်ပိုင်းက သမိုင်း မြို့မကျောင်းတွင် တက်ရောက်ခွင့် မရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပွဲတစ်ရပ်ပြုလုပ်ခဲ့ပြီး ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။


ပြီးခဲ့သည့်လ ၂၈ ရက်က ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူးချုပ်အဆင့်ရှိသူတစ်ဦးက တယ်လီဖုန်းဖြင့်ဖိတ်ကြားခဲ့ကြောင်း၊ ကျောင်းသားသမဂ္ဂများ၊ဆရာသမဂ္ဂ များအပါအဝင် NNER အဖွဲ့ဝင် များတက်ရောက်ရန်နှင့် နေရေးထိုင် ရေးကိုလည်းစီစဉ်ပေးမည်ဟု ဖိတ် ကြားပြောဆိုခဲ့ကြောင်း၊ ယခုလ ၁ ရက်တွင် ပွဲအစီအစဉ်ကို အီးမေးလ် ဖြင့် ပေးပို့လာသည့်အတွက် NNER အဖွဲ့ဝင်များသည် အထက်ပါ ညွှန်ကြားရေးမှူးချုပ်ထံသို့ တိုင်း ဒေသကြီးနှင့် ပြည်နယ်မှကိုယ်စား လှယ် ၁၅ဝတက်ရောက် မည်ဟု တယ်လီဖုန်းဖြင့်ပြန်လည်ပြောကြား ရာ သဘောတူညီမှုရခဲ့ကြောင်း၊ ဖိတ်စာကို နေပြည်တော်မှ ရန်ကုန် သို့ပေးပို့လိုက်မည်ဖြစ်ကြောင်း၊ တည်းခိုဆောင်ကုန်ကျစရိတ်နှင့် ပညာရေးဆွေးနွေးပွဲကျင်းပရာနေရာ သို့ ကြို့/ပို့ရေးကိုလည်း စီစဉ်ထား မည်ဟု အကြောင်းပြန်ခဲ့ကြောင်း၊ ယမန်နေ့တွင် အထက်ပါညွှန်ကြား ရေးမှူးချုပ်က NNER အား ၄င်း အနေဖြင့် ဖိတ်ကြားခွင့်မရှိကြောင်း၊ NNER ဘက်မှ နားလည်မှုလွဲနေ ကြောင်းနှင့် ခွင့်လွှတ်ပါရန်ပြော ကြားလာကြောင်း NNER အဖွဲ့ဝင် များကပြောသည်။

ပညာရေးဝန်ကြီးဌာနမှ NNER အား ဖိတ်ကြားထားမှုကို ဖျက် သိမ်းခြင်းသည် ဒီမိုကရေစီနည်းကျ ပညာရေးပြုပြင်ပြောင်းလဲမှုကို လို လားသော NNER အဖွဲ့ဝင်များ၏ ပါဝင်မှုကိုတားဆီးပိတ်ပင်ရုံမျှမက NNER မှ မှတ်တမ်းတင်ပြုစုထား သည့် ပြည်သူလူထု၏ဆန္ဒကို တားဆီးပိတ်ပင်ရာရောက်ကြောင်း၊ NNER အနေဖြင့် ၂ဝ၁၃ခုနှစ် ဇွန် လတွင်ကျင်းပခဲ့သော ပညာရေး ညီလာခံမှရရှိသည့် ပညာရှင်များ၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊မိဘများ၊ သာသနာ ရေးဆိုင်ရာပုဂ္ဂိုလ်များ၊စာပေနှင့်ယဉ် ကျေးမှုဆိုင်ရာပုဂ္ဂိုလ်များ၊နိုင်ငံရေး နယ်ပယ်မှပုဂ္ဂိုလ်များ၊တိုင်းရင်းသား ကိုယ်စားလှယ်များ၏အကြံဥာဏ် များဖြင့်ရေးဆွဲထားသည့် အမျိုးသား ပညာရေးမူဝါဒကိုဆက်လက်စွဲကိုင် ပြီး ပြည်သူလူထုအတွက်ဆက်လက် ကြိုးပမ်းအားထုတ်သွားမည်ဖြစ်
ကြောင်းကြေညာချက်ထုတ်ပြန်သွား ခဲ့သည်။ ဖိတ်ကြားမှုပြန်လည်ရုပ် သိမ်းခြင်းကြောင့် နေပြည်တော်သို့ ရောက်ရှိလာသည့် ကိုယ်စားလှယ် များမှာ နေရေးထိုင်ရေးအခက်အခဲ များကြုံတွေ့ကြရပြီး လမ်းခရီးတွင် ရောက်ရှိနေသူများလည်း အခက်အခဲ တွေ့ကြရကြောင်း NNER အဖွဲ့ဝင် များကပြောကြားသွားခဲ့သည်။
အမျိုးသားအဆင့်ပညာရေးဆွေး နွေးပွဲကို နေပြည်တော်၌ ယခုလ ၅ ရက်မှ ၆ ရက်အထိပြုလုပ်မည် ဖြစ်သည်။

The Union Daily

0 comments:

Post a Comment