5.3.14

တရုတ်နိုင်ငံ၌ အကျင့်ပျက်ခြစားမှုဖြင့် တရားသူကြီးများနှင့် တရားရုံးဝန်းထမ်း ၈၂၉ ဦး ပြစ်ဒဏ်ပေးခံရ


တရုတ်နိုင်ငံ၌ အကျင့်ပျက်ခြစားမှုများ တိုးလာခဲ့ရာ ၂ဝ၁၃ ခုနှစ် အတွင်း ၎င်းအကျင့်ပျက်ခြစားမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တရားသူကြီးများနှင့် အခြားတရားရုံးဝန်ထမ်း ၈၂၉ ဦးကို ပြစ်ဒဏ်ပေးခဲ့ကြောင်း ပြည်သူ့တရားရုံးချုပ် (SPC) က ပြောကြားခဲ့သည်။


၎င်းတရားရုံးဝန်ထမ်း ၈၂၉ ဦးအနက် ၂၉၄ ဦးကို ပါတီစည်းကမ်း ချိုးဖောက်ခြင်းဖြင့်လည်းကောင်း၊ ၅၃၁ ဦးကို အစိုးရစည်းကမ်းချိုးဖောက် ခြင်းဖြင့်လည်းကောင်း ပြစ်ဒဏ်များပေးခဲ့ပြီး ၁၅၇ ဦးကို တရားစွဲဆိုရန်အတွက် တရားရေးအဖွဲ့အစည်းသို့ လွှဲပြောင်းပေးခဲ့သည်။

တရားသူကြီးများနှင့် တရားရုံးဝန်ထမ်း ၆၈၃ ဦး၏ ၂ဝ၁၃ ခုနှစ်အတွင်း အကျင့်ပျက်ခြစားမှုတန်ဖိုးမှာ ငွေသားစတော့ရှယ်ယာ လက်မှတ်များနှင့် ငွေပေးချေခြင်း စာချုပ်စာတမ်းများ အပါအဝင် တရားမဝင်အမြတ်အစွန်း ယွမ် ၃ ဒသမ ၃၂ သန်း (အမေရိကန်ဒေါ်လာ ၅၄ဝဝဝဝ)ရှိကြောင်း SPC က ဖော်ပြခဲ့သည်။

ဒေသအာဏာပိုင်များအနေဖြင့် ဥပဒေကို ဆန့်ကျင်သော အကျင့်ပျက် ခြစားတိုက်ဖျက်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေမည် ဖြစ်ကြောင်း ဖော်ပြသည်။

(ဆင်ဟွာ)

0 comments:

Post a Comment