5.3.14

တာမွေအ၀ိုင်းထိပ် Ocean Supercenter မေ ၃ ရက်ဖွင့်မည်

Wednesday, March 5, 2014

တာမွေအ၀ိုင်းတွင် City Mart Holding Co.,Ltd မှ တည်ဆောက်လျက်ရှိသည့် Ocean Supercenter အား မေလ ၃ ရက်တွင် ဖွင့်လှစ်မည်ဟု City Mart Holding Co.,Ltd ၏ Marketing Director ဒေါ်မေ ဇင်စိုးထက်က မဇ္စျိမကို ပြောသည်။

တာမွေမြို့နယ်ရှိ တာမွေလမ်းဆုံမီးပွိုင့် (တာမွေအ၀ိုင်းထိပ်)တွင် တည်ဆောက်ဆဲဖြစ်သည့် Ocean Supercenter အသစ်အားမူလက မတ်လအတွင်းဖွင့် လှစ်ရန်စီစဉ်ခဲ့ပြီး စီမံကိန်းပြီးစီးရန် ကျန်ရှိနေသည့် အပိုင်းများ ရှိနေခြင်းကြောင့် မေလသို့ ရွှေ့ဆိုင်းဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟု ယင်းက ပြောသည်။

City Mart Holding Co.,Ltd ၏ Marketing Director ဒေါ်မေဇင်စိုးထက် က “လက်ရှိမှာတော့ ၉၀ ရာ ခိုင်နှုန်းလောက် ဆောက်လုပ်ပြီးစီးထားပါပြီ။ အရင်က မတ်လကုန်ပိုင်းလောက် ဖွင့်ဖို့ပါပဲ။ ပရောဂျက်ပိုင်း တွေ ကျန်နေသေးလို့ ရက်ဆုတ်ရင်းနဲ့ မေလ ၃ ရက်မှာ ဖွင့်ဖို့ စီစဉ်တာပါဟု ပြောသည်။


Ocean Super Center အသစ်သည် Basement အပါအ၀င် လေးထပ် ဆောက်လုပ်ထားခြင်းဖြစ်ကာ စားသောက်ဆိုင်များ၊ ရတနာဆိုင်များ၊ ကလေးကစားကွင်းများနှင့် ဈေးဝယ်ဆိုင်ခန်းများ ထည့်သွင်းထား သည်။ ၎င်း စင်တာကို ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မြေဧက စတုရန်းပေ ၇၅,၀၀၀ ကျော်ပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။

ဒေါ်မေဇင်စိုးထက်က “တာမွေအ၀ိုင်းမှာ တည်ဆောက်ထားတာအပြင် တောင်ဒဂုံမှာ City Mar Center ၊ မုံရွာ၊ မန္တလေး၊ မော်လမြိုင်တို့မှာ Ocean Supercenter တွေ ထပ်မံဖွင့်လှစ်ဖို့ စီစဉ်နေပါတယ်” ဟု ပြော သည်။

City Mart Holding CoLtd သည် ခေတ်မီလက်လီ အရောင်းဆိုင်များကို ၁၉၉၆ ခုနှစ်မှစတင်ကာ ဖွင့်လှစ် ခဲ့ပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များတွင်Super Market ဆိုင်ခွဲပေါင်း ၁၅ ဆိုင်၊ Ocean Super Centerသုံးဆိုင်၊City Express ဆိုင်ခွဲပေါင်း ၂၆ ဆိုင်၊ ဖွင့်လှစ်ထားကာလစဉ်ဈေးဝယ်သူပေါင်း တစ်သန်း ကျော်ရှိသည်ဟု သိရှိရသည်။

Mizzima - News in Burmese

0 comments:

Post a Comment