5.3.14

ဧရာဝတီတိုင်း လမ်းနှင့်တံတားများ ဥပဒေပြဋ္ဌာန်းပြီ

5-3-2014

ဧရာဝတီတိုင်းအတွင်း လမ်းတံတားများနှင့်ပတ်သက်ပြီး အခန်း ၇ ခန်း၊ ပုဒ်မ ၂၄ ခုပါ လမ်းတံတားဥပဒေ ကို ၂/၂၀၁၄ ဖြင့် န၀မအကြိမ်လွှတ်တော်တွင် သတ်မှတ် ပြဋ္ဌာန်းလိုက်သည်။

လမ်းတံတားဥပဒေကြမ်းကို တိုင်းလွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းပြီး လမ်းတံတားဆက်သွယ်ရေးဝန်ကြီး ဌာနမှ နည်းဥပဒေများ ရေးဆွဲကာ ဆက်လက် လုပ်ဆောင်သွားမည်ဟု ဧရာဝတီတိုင်း လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးသန်းထွန်းက လွှတ်တော်တွင် ပြန်လည်ဖြေကြားသည်။


လမ်းနှင့်တံတားများ ဖောက်လုပ်ခြင်း ကျေးရွာတစ်ရွာနှင့်တစ်ရွာ၊ မြို့နယ်တစ်ခုနှင့်တစ်ခု၊ ခရိုင်တစ်ခုနှင့် တစ်ခုကြား လမ်းပန်းဆက်သွယ်မှု လွယ်ကူစေပြီး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု နယ်မြေဒေသအား လုံး စီးပွားရေး၊ လူမှုရေးအပါအ၀င် ဘက်စုံ မျှတစွာဖွံ့ဖြိုးတိုးတက်လာစေရန်၊ လမ်းပန်းဆက်သွယ်မှု လုံ ခြုံချောမွေ့စေရေးနှင့် ကုန်စည်စီးဆင်းမှု သွက်လက်မြန်ဆန်စေရေး၊ တိုင်းအတွင်း လမ်းနှင့်တံတားများ တိုးချဲ့ခြင်း၊ ရေရှည်တည်တံ့ရေးအတွက် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ရန်၊ ဖြတ်သန်းသွားလာအသုံးပြုခြင်း စနစ်တကျကြီးကြပ်ကွပ်ကဲနိုင်ရန်နှင့် တိုင်းဒေသအတွက် အခွန်အခများ ရရှိရန် ရည်ရွယ်ချက်များဖြင့် ဥပဒေကို ပြဋ္ဌာန်းထားသည်ဟု ဆိုသည်။

လမ်းနှင့်တံတားများ ဖောက်လုပ်ရေး နှစ်တို၊ နှစ်ရှည်စီမံကိန်းများနှင့် အထူးစီမံကိန်းများကို အစိုးရအဖွဲ့ ၏သဘောတူညီချက်ဖြင့် ချမှတ်ဆောင်ရွက်ခြင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်သွယ်သည့် လမ်းမကြီး များဖြင့် ချိတ်ဆက်မည့် လမ်းနှင့်တံတားများကို အစိုးရသဘောတူညီချက်ဖြင့် စီမံကိန်းများချမှတ်ဆောင် ရွက်ခြင်း၊ တိုင်းအတွင်း လမ်းနှင့်တံတားများ ဖောက်လုပ်ခြင်းနှင့် တိုးချဲ့ခြင်းများ ပြုလုပ်ရာတွင် မြေသိမ်း ယူခြင်းနှင့် အဆောက်အအုံဖယ်ရှားခြင်းများကို တည်ဆဲဥပဒေနှင့် အညီ ဆောင်ရွက်ခြင်း၊ အသုံးပြု ကောက်ခံရမည့ လမ်းနှင့်တံတား၊ ကောက်ခံရန်နှုန်းထားများ အပါအ၀င် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဌာနတာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

တိုင်းအတွင်းရှိ လမ်းဖြတ်သန်းခကောက်ခံသည့် လမ်း-တံတားဂိတ်များတွင် မရိုးဖြောင့်သောသဘောဖြင့် လမ်းတံတားဂိတ်များ ရှောင်ကွင်းမောင်းနှင် လမ်းမကြီးပေါ်သို့ ပြန်တက်ခြင်းနှင့် တန်ပိုတင်ဆောင်လာ ပြီး ယာဉ်ငယ်များဖြင့် ကုန်ကဲ့ပြီး စည်းကမ်းဖောက်ဖျက်ခြင်းတို့ကို မပြုရ၊ ဖောက်ဖျက်ကျူးလွန်ကြောင်း၊ ဖောက်ဖျက်ကျူးလွန်ရန် အားထုတ်ကြောင်း အားပေးကူညီကြောင်း ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် တစ် လထက်မပိုသော ထောင်ဒဏ်ကျခံရမည်ဖြစ်သည်။

Mizzima - News in Burmese

0 comments:

Post a Comment